Wednesday, February 11, 2015

ကျောင်းသားသပိတ်နှင့် ပတ်သက်၍ ဗကပကြေညာချက်ထုတ်


ကျောင်းသားများ သပိတ်မှောက်နေခြင်းကို ထောက်ခံ ကြောင်း ဗမာပြည်ကွန်မြူနစ် ပါတီ(ဗကပ)က ဖေဖော် ၀ါရီ ၁၀ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ချက်တွင် ကျောင်းသားများကို အကြမ်းမ ဖက်ရန်၊ နိုင်ငံရေးပါတီများနှင့် ပြည်သူများက ၀ိုင်းရံပေးကြရန် စသည်တို့ပါဝင်ပြီး ဗမာပြည်ကွန်မြူ နစ်ပါတီ၏ ၀က်ဘ်ဆိုက် တွင် ဖော်ပြထားသည်။
‘‘သူတို့ကြောက်တာ ပြည်သူပဲ။ ကျောင်းသားတွေရဲ့ လုံခြုံမှု ဟာ ပြည်သူတွေရဲ့ လက်ထဲမှာရှိ တယ်။ ပြည် သူများဝိုင်းရံပေးကြ ပါ။ နိုင်ငံရေးအဖွဲ့အစည်းများက (ကျောင်းသားတွေကို အစိုးရ အကြမ်းမဖက်ဖို့) တောင်း ဆိုပေး ကြပါ။ မီဒီယာလောကသားများ အမှန်ဘက်က ရပ်တည်ပေးကြ ပါ’’ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ ကျောင်းသားများ သည် ကျောင်းသား အလုပ်လုပ် ကြပြီး ပညာရေးကိစ္စကိုသာ တည်တည်ငြိမ် ငြိမ်ဖြင့် တင်ပြ ဆွေးနွေးခဲ့သော်လည်း အစိုးရ၀န်ကြီးများဘက်က ကလေးကလားဆန်ဆန် ပြုမူခဲ့ကြကာ ရရာအကွက်ဖြင့် ညစ်နေကြကြောင်း ဖော်ပြထားသည်။

‘‘နောက်ကွယ်မှ ကြိုးကိုင်နေ ကြတဲ့ သူတွေက အားပေးအား မြောက်လုပ်နေတဲ့သူတွေရှိ တယ်။စောင့် ကြည့်ဖော်ထုတ်မယ်’’ဟု အစိုးရက ပြောနေသော်လည်း အားပေးနေသူများမှာ ရှေ့ထွက် ကာ ပွင့်ပွင့် လင်းလင်းထောက်ခံ နေကြခြင်းဖြစ်သည်။ ထို့ကြောင့် အစိုးရက သပိတ်မှောက်လမ်း တစ်လျှောက်တွင် အင်အားများစုပြီး ခြိမ်းခြောက်ခြင်းကို အဆက်မပြတ်လုပ်ဆောင်နေကြောင်း ကြေညာချက်တွင် ဖော်ပြထား သည်။

အစိုးရက သပိတ်လမ်း ကြောင်းလွဲစေရန် စွပ်စွဲခြိမ်း ခြောက်အကျပ်ကိုင်ခြင်းများ လုပ် ဆောင်နေသော် လည်း ကျောင်းသားများက တုန်လှုပ်မှုကင်းကင်း ဖြင့် ကိုယ့်လမ်းကိုယ်လျှောက်နေ ကြကြောင်း၊ ကျောင်း သားများကို အကြမ်းမဖက်ရန်နှင့် ထိုသို့အကြမ်းဖက်ပါက နိုင်ငံရေး နားမလည် သော ပြည်သူများပင် ယင်း လှုပ်ရှားမှု၌ပါဝင်လာကာ ထိန်းမနိုင်၊သိမ်းမရဖြစ်လာနိုင် ကြောင်း ၁၉၇၅ကျောင်းသားခေါင်းဆောင်တစ် ဦး ဖြစ်သူ ဘိုးတော်ခင်ဝင်းက ပြောသည်။

‘‘အမျိုးသားပညာရေးဥပဒေ ကို ကန့်ကွက်သပိတ်မှောက်နေ တဲ့ ကျောင်းသားတွေဟာ အာဏာကိစ္စမဟုတ် ဘူး။ ကျောင်းသား တွေဘက်မှာ ပြည်သူတွေရှိတယ်။ ပြည်သူတွေက နိုင်ငံရေးမသိသူ တွေတောင် ကျောင်းသားတွေကို အကြမ်းဖက်လာရင်၊ သွေးထွက် သံယိုဖြစ်လာရင် အဲဒီပြည်သူတွေ ပါလာလိမ့်မယ်။ ပြည်သူတွေပါ လာရင် အကြီးကြီးဖြစ်လာပြီး ထိန်းမရတဲ့ အခြေအနေကို ရောက်သွားနိုင်တယ်’’ဟု ဦးသန့် အရေးအခင်းမှ စတင် ကာ ကျောင်းသားလှုပ်ရှားမှုများ၌ အ ကြိမ်ကြိမ်ဖမ်းခံခဲ့ရပြီး ဗမာကွန် ဗြူနစ်ပါတီဝင်အဖြစ် စွပ်စွဲခံခဲ့ရသူ ဘိုးတော်ခင်ဝင်းကပြောသည်။


7Day Daily

No comments:

Post a Comment

My Blog List