Friday, February 13, 2015

ပဲခူးကျောင်းသားများ သပိတ်စစ်ကြောင်း တားဆီးခံရ










အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးတောင်းဆိုဆန္ဒပြနေကြတဲ့ ပဲခူးကျောင်သားများ သမဂ္ဂရဲ့ ဒီမိုကရေစီ ပညာရေးစစ်ကြောင်းဟာ ပဲခူးတက္ကသိုလ်ရှေ့မှာ ကျောင်းထဲဝင်ခွင့်မရဘဲ တားဆီးခံခဲ့ရပါတယ်။

ပဲခူးမြို့တွင်း လှည့်လည်ဆန္ဒပြနေကြတဲ့ လူအင်အား ၁၀၀ ၀န်းကျင်လာက်ရှိတဲ့ သပိတ်စစ်ကြောင်းဟာ  ပဲခူးတက္ကသိုလ်ရှေ့ ရောက်ရှိချိန်မှာ လူတချို့က ကျောင်းဝင်း တံခါးတွေကို ပိတ်လိုက်ပြီး ဆိုင်းဘုတ်တွေ ကိုင်ဆောင်တားဆီးမှုနဲ့ ကြုံတွေ့ခဲ့ရ တာပါ။

ပဲခူးတက္ကသိုလ်ဝင်းထဲက ကျောင်းသားတွေက ကျောင်းနံရံအတွင်း ဘက်ကနေ ကြည့်ရှုနေပြီး သပိတ်မှောက် ကျောင်းသားတွေက တက္ကသိုလ်ဝင်ပေါက်ရှေ့မှာ ဟောပြောမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မွန်းလွဲပိုင်းမှာတော့   ကျောင်းအတွင်းကနေ ပါမောက္ခချုပ်နဲ့ ကျောင်းအပြင်က သပိတ်မှောက်ကျောင်း သားတွေ အသံချဲ့စက်နဲ့ အပြန်အလှန် စကားပြောဆို ခဲ့ကြပြီး ကျောင်းသားတွေက ကျောင်းဝင်ပေါက် အပြင်ဘက်မှာ ထိုင်သပိတ် ပြုလုပ်နေကြပါတယ်။

ကျောင်းဝင်းထဲမှာရှိနေကြတဲ့ ကျောင်းသားတွေထဲက ပြန်ချင်သူတွေကို အဆောင်ဘက် အပေါက်က ပြန်ပို့ဖို့ သက်ဆိုင်ရာက စီစဉ်မှုတွေ ရှိနေသလို ပဲခူးတက္ကသိုလ်ဝင်းထဲက ကျောင်းသားတယောက်က အပြင်ဘက် သပိတ် စစ်ကြောင်းကနေ ကျောင်းသားအလံကိုယူပြီး ကျောင်းဝင်းထဲ လှည့်လည်မှု လည်းရှိခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List