Thursday, February 12, 2015

မြန်မာနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတည်ထောင်ရန် အစ္စရေး သမ္မတသစ် တိုက်တွန်းထားသည်ဟုဆို


မြန်မာနိုင်ငံနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတည်ထောင်ရန် အစ္စရေး သမ္မတသစ်က တိုက်တွန်းထား သည်ဟုဖေဖော်ဝါရီ ၁၂ ရက် မြန်မာနိုင်ငံ ဆရာဝန် များအသင်း အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး ဒန်နီရယ်ဇွန်ရှိုင်း က ပြောသည်။
"သမ္မတက မြန်နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိဖို့ ကျွန်တော့်ကိုပြောတယ်၊ဒီကိစ္စတွေကလည်း နိုင်ငံ သား အချင်းချင်းကနေနိုင်ငံတစ်ခုလုံးအထိ အသိ ပညာတွေ ပြန့်ပွားအောင် ပူးပေါင်းလုပ်ဆောင်တာပဲ၊ စိုက်ပျိုးရေး၊ ယဉ်ကျေးမှု၊ သဘာဝဘေး ကယ်တင်ရေး ဒါတွေအတွက်လည်း ပူးပေါင်းလုပ်ပေးနေတယ်" ဟု အစ္စရေး သံအမတ်ကြီးက ဆိုသည်။

မြန်မာနှင့် ကောင်းမွန်သည့် ဆက်ဆံရေးထူထောင်ရန် ဆန္ဒရှိသည့် သမ္မတသစ် Mr.Reuven Rivilin သည် ၂၀၁၄ခုနှစ် ဇူလိုင်လ ၂၄ရက်မှ စတင်ကာ သမ္မတဟောင်း Mr. Shimon Peres ၏ နေရာတွင် ထပ် မံ ရွေးကောက်ခံ ရသူဖြစ်ပြီး အစ္စရေးနိုင်ငံ၏ သမ္မတ သက်တမ်းအရ ၇ နှစ်ထိ သက်တမ်း တစ်ကြိမ်သာ ထမ်းဆောင်ရမည်ဖြစ်သည်။

အစ္စရေးနိုင်ငံက လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ကပင် မြန်မာနိုင်ငံအပေါ် သံတမန် အဆက်အသွယ်ဖြင့် ကူညီဆောင်ရွက်မှုများစွာ ပေးနေပြီး၊ လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စရပ်များတွင်လည်း ကူညီနိုင်ရန် ဆောင် ရွက်နေသည်ဟု ဒန်နီရယ်ဇွန်ရှိုင်းက မဇ္ဈိမကို ပြောသည်။

"နေပြည်တော်အထွက်မှာ ဓာတုကင်းလွတ် စိုက်ပျိုးနည်းပညာတွေ၊ မျိုးစေ့တွေ၊ ဓာတ်မြေသြဇာ နည်းပ ညာတွေကို ပူးပေါင်းလုပ်ပေးနေတယ်" ဟု ၎င်းကဆို သည်။

ယင်းညီလာခံကို ဖေဖော်ဝါရီ ၁၂ ရက်နှင့် ၁၃ ရက်ထိ နှစ်ရက်တိုင် မြန်မာနိုင်ငံ ဆရာဝန်များ အသင်းတွင် အဖွဲ့ပေါင်း ၃၀ မှ တက်ရောက်လာသူများကို အစ္စရေးနိုင်ငံ မျက်စိကုသမှု အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် Eye from Zion အဖွဲ့က အတတ်ပညာပိုင်းဆိုင်ရာ ဝေမျှဟောပြောမည် ဖြစ်သည်။

"ကျွန်တော်တို့ မြန်မာနိုင်ငံက နိုင်ငံတစ်ကာ အဖွဲ့တွေ့နဲ့ မျက်စိကုသမှုဆိုင်ရာ နည်းပညာတွေကို ရ ယူပြီး နိုင်ငံအတွင်း မျက်စိရောဂါ အားလုံးကို ကုသနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်နေတာပါ၊" ဟု ညီလာခံသို့ တက်ရောက်လာသည့် ဆေး တက္ကသိုလ် ၁ မှ ပါမောက္ခ ဦးတင်ဝင်းက မဇ္ဈိမကို ပြောသည်။

အစ္စရေးနိုင်ငံနှင့် မြန်မာနိုင်ငံတို့က ၂၀၀၉ခုနှစ်မှ စတင်ကာ ဆေးပညာရပ်ပိုင်း ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှ စတင်ကာ ဧရာဝတီတိုင်း ဖျာပုံတွင် မျက်စိခွဲစိတ်မှုများကို စတင်ပြု လုပ်ပေးခဲ့ ခြင်းဖြစ်သည် ဟု မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဦးရဲမြက ဆိုသည်။

 Mizzima - News in Burmese

No comments:

Post a Comment

My Blog List