၂၀၁၅ ခုနှစ်သည် မြန်မာနိုင်ငံအတွက် စိန် ခေါ်မှု အလွန်မြင့်မားမည့် နှစ်တစ် နှစ်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ကြီး ဦးသိန်းစိန်မှ နေပြည်တော် မြန်မာ အပြည် ပြည်ဆိုင်ရာ ဌာန(၂)တွင် ဖေဖော်ဝါရီရရက်နှင့် ၈ရက်တွင် ကျင်းပပြုလုပ်သော တတိယအကြိမ်မြောက် မြန်မာနိုင်ငံဖွံ့ဖြိုးမှု ပူးပေါင်းဆောင် ရွက်ရေးဖိုရမ် ဖွင့်ပွဲတွင် ထုတ်ဖော် ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ ၂၀၁၅ခုနှစ်သည် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုအလွန်မြင့်မည့် နှစ် တစ်နှစ်ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း ကျင်းပရန် ရှိသည့် ရွေးကောက်ပွဲ၊ တစ်နိုင် ငံလုံး အတိုင်းအတာ ချုပ်ဆို နိုင်ရန် ဆောင် ရွက်နေသည့် အပစ် အခတ်ရပ်စဲရေး သဘောတူစာချုပ်၊ အစိုးရဌာနများ ပြုပြင်ပြောင်းလဲမှု နှင့် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များသည် ကြီးမားစွာ ကျော်လွှားရမည့် စိန်ခေါ်မှုနှင့် အောင်မြင်မှု ရရှိအောင် ဆောင်ရွက် ရမည့်ကိစ္စ ရပ်များ ဖြစ်သည်ကို အလေးအနက် ခံယူဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ယင်းစိန် ခေါ်မှု များကို နိုင်ငံ တကာ အသိုက်အဝန်း၊ ဖွံ့ဖြိုးမှုမိတ်ဖက် များ နှင့် မိမိတို့၏ အိမ်နီးချင်းများ အားလုံး တို့က အဘက်ဘက်မှ ပေးအပ်နေ သည့် အထောက်အပံ့များ အကူ အညီများ နှင့် ပူးပေါင်း ဆောင်ရွက်မှု များဖြင့် မိမိ တို့ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ အားလုံးကို အောင်မြင်စွာကျော်လွှား နိုင်မည်၊ အားလုံး ပူးပေါင်းဆောင် ရွက်မှုဖြင့် ငြိမ်းချမ်းစွာဖြေရှင်းဆောင် ရွက်မည်ကို ပိုမိုယုံကြည်မှုရှိပါကြောင်း၊ အစိုးရအဖွဲ့ အနေနှင့် ပြည်သူများ ၏ ဆန္ဒနှစ်ခုဖြစ် သည့် တည်ငြိမ်အေး ချမ်းမှုနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်ရေးကို အကောင်အထည်ဖော် နိုင်ရန် အစွမ်း ကုန် ကြိုးပမ်းဆောင် ရွက်ခဲ့ပြီး အောင်မြင်မှု လည်း ရရှိခဲ့ပါ ကြောင်း၊ ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများလည်း ကျန်ရှိနေသေးပါ ကြောင်း၊ ၂၀၁၅ခုနှစ်တွင် ရရှိပြီးဖြစ် သည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပိုမိုခိုင်မာပြီး ဆက်လက်ရှင်သန်နိုင်ရန်၊ ငြိမ်း ချမ်းရေးဖြစ် စဉ်များ ပိုမိုခိုင်မာရန်နှင့် ၂၀၁၅ခုနှစ် ရွေးကောက် ပွဲကို လွတ်လပ်ပြီးတရား မျှတစွာ ကျင်းပ နိုင်ရန်အတွက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း နှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်း စဉ်အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအ တာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သ ဘောတူညီချက်ကို လက်မှတ်ရေးထိုး နိုင်ရန် မိမိတို့အားလုံး ဝိုင်းဝန်းကြိုးပမ်း လျက်ရှိကြောင်း ပြောကြားသွားခဲ့သည်။
တတိယအကြိမ် မြန်မာနိုင်ငံဖွံ့ ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက် ရေးဖိုရမ်ကို အခြေခံအုတ်မြစ်များ တည်ဆောက်ကာ အနာဂတ်အတွက် အားလုံးအကျုံးဝင်သည့် ဖွံ့ဖြိုးမှုသို့ ချဉ်းကပ်စို့ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပကြောင်း သိရှိရသည်။
MP
#Democracytoday

No comments:
Post a Comment