Tuesday, February 10, 2015

သပိတ်မှောက်ကျောင်းသား များ မော်လမြိုင် တက္ကသိုလ် ဝင်ခွင့်မရ

မော်လမြိုင်နဲ့ ထားဝယ်တို့က အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြနေတဲ့ ကျောင်းသား ကျောင်း သူတွေကို မော်လမြိုင်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ဌေးအောင်က မော်လမြိုင်တက္ကသိုလ် ကျောင်းဝင်း ထဲကို ဝင်ရောက်ဟောပြောခွင့်မပေးဘူးလို့ သိရပါ တယ်။
အမျိုးသားပညာရေးဥပဒေဟာ ပြီးပြည့်စုံတဲ့ဥပဒေဖြစ်တာကြောင့် ကျောင်းသား ကျောင်းသူတွေက ကန့် ကွက်တာကို လက်မခံကြောင်း မော်လမြိုင် တက္ကသိုလ် ပါမောက္ခချုပ်ကပြောတယ်လို့ ထားဝယ်ခရိုင် တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့က ကိုမင်းလွင်ဦး က ပြောပါတယ်။

"ကျနော်တို့ မော်လမြိုင်တက္ကသိုလ်မှာ ဝင်ခွင့်တောင်းတော့ ဝင်ခွင့်မပေးဘူးဗျ၊မော်လမြိုင် တက္ကသိုလ် ပါချုပ် ကပြောလိုက်တာ ဒီအမျိုးသား ပညာရေးဥပဒေက ခိုင်ခိုင်မာမာရှိတယ်ပေါ့ ၊ ကောင်းမွန်တယ်ပေါ့၊ ကျောင်း သားပြည်သူတွေကို ကိုယ်စားပြုထားတယ်ပေါ့၊ အဲ့လိုပြောတယ်၊ ဒါနဲ့ကျနော်တို့က ပြန်မေးတယ်၊ ဘယ် အချက်တွေက ခိုင်မာလဲပေါ့၊ အဲ့ဒါကို သူပြန်မဖြေဘူးဗျ"

ထားဝယ်နဲ့ မော်လမြိုင်က ကျောင်းသား ၅ဝ ကျော်ဟာ မော်လမြိုင်မြို့ထဲမှာ ဒီနေ့ လှည့်လည်ဆန္ဒပြခဲ့ကြ ပါတယ်။

မန္တလေးမြို့ကနေ ခရီးစတင်ထွက်လာတဲ့ပင်မသပိတ်ကြောင်းဟာ ပြည်မြို့ကရွှေပေါက်ကံ ဘုန်းကြီးကျောင်း မှာ ဒီညရပ်နားကြမှာဖြစ်ပြီး ပခုက္ကူနဲ့ မုံရွာဘက်ကချီတက်လာကြတဲ့ ကျောင်းသား ကျောင်းသူတွေကတော့ မကွေးမြို့မှာ ညအိပ်မှာဖြစ်ပါတယ်။

အလားတူပဲ ဧရာဝတီတိုင်းဒေသကြီးက သပိတ်မှောက် ကျောင်းသား ကျောင်း သူတွေဟာ ဒီိနေ့ မအူပင်မြို့ ထဲမှာ လှည့်လည်ဆန္ဒပြကြပါတယ်။ မော်လမြိုင်ဘက်က စစ်ကြောင်းနဲ့  ပတ်သက်ပြီး မခင်ခင်အိက မေးမြန်း တင်ပြ ထားပါတယ်။

ပုသိမ်မြို့ကချီတက်လာတဲ့ ဧရာဝတီသပိတ်စစ်ကြောင်းခေတ္တရပ်နားရာ မအူပင်မြို့က မြို့ခံကျောင်းသားတွေ နဲ့ ကျောင်းသားမိဘတချို့ရဲ့ အမြင်တွေ ကိုတော့ မခက်မာက စုစည်းတင်ပြထားပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List