Tuesday, February 10, 2015

နိုင်ငံ့ရှေ့ရေးရှေးရှု၍ ကျောင်းသားများနှင့် အမြန်ဆုံးပြန်လည်ဆွေးနွေးရန် နိုင်ငံရေးပါတီများ တိုက်တွန်း


အမျိုးသားပညာရေး ဥပဒေကိုသပိတ်မှောက်နေသော ကျောင်းသားများနှင့် ဆွေးနွေးညှိ နှိုင်းမှုများကို အစိုးရ က တုံ့ဆိုင်း မနေဘဲ နိုင်ငံရှေ့ရေးကိုရှေးရှုကာအမြန်ဆုံး ပြန်လည်ပြုလုပ်သင့် ပြီဖြစ်ကြောင်း နိုင်ငံရေးပါတီ များကထုတ်ဖော်ပြောဆိုသည်။
ရက်ပေါင်း နှစ်ဆယ်ကျော် ကြာ သပိတ်စစ်ကြောင်းများဖြင့် အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်နေ သည့် ကျောင်းသားများ၏ ဆန္ဒဖြစ်သော လေး ပွင့်ဆိုင်တွေ့ဆုံမှုကို အစိုးရက အ မြန်ဆုံးပြုလုပ်ခြင်းသည် လက်ရှိ အခြေအနေ တွင် တိုင်းပြည်အ တွက် အကောင်းဆုံးဖြစ်မည်ဟု အင်အားကြီးနိုင်ငံရေးပါတီ များမှ ထိပ်ပိုင်းခေါင်းဆောင်များက အလားတူသုံးသပ်သည်။

နိုင်ငံအတွက် အရေးကြီး သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေး လုပ်ဆောင်နေသည့် အချိန်ကာလ တွင် ကျောင်းသားများ၏ သပိတ်ကို အဆင်ပြေချော မွေ့စေရန် ဆွေးနွေးမှုများ ခပ်မြန်မြန်မပြုလုပ်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို အ ချိန်ဆိုင်းလိုခြင်း သဘောလည်း သက်ရောက်နေကြောင်း ၎င်းတို့ က ထောက်ပြသည်။

‘‘အဓိကကတော့ အစိုးရပါ ပဲ။ ကျောင်းသားတွေ တောင်းဆို တဲ့အတိုင်း တွေ့ဆုံပွဲကို ဆက်လုပ်ဖို့ လိုပါ တယ်။ အချိန်ရွှေ့တယ်ဆို တာကတော့ လက်ရှိကိစ္စကို အမြန်ဆုံးမဖြေရှင်းချင်တဲ့ ပုံစံပေါ်ပါတယ်’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။

ဖေဖော်ဝါရီ ၃ ရက်က နေ ပြည်တော်၌ ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် လေးပွင့်ဆိုင်တွေ့ဆုံပွဲ ပျက်သွား သည့် နောက်ပိုင်းတွင် အမျိုးသားပညာရေးကို ကန့်ကွက်သည့် ကျောင်းသားများ၏ သပိတ် စစ်ကြောင်းများ အရှိန်မြင့်လာ ခြင်းလည်း ဖြစ်သည်။

ဆွေးနွေးပွဲပျက်ခဲ့သော် လည်း သပိတ်မှောက်ကျောင်းသားများ ဘက်မှ တောင်းဆိုထားမှုများသည် နိုင်ငံ ပညာရေးကောင်းမွန် စေရန် ရည်ရွယ်ထားသည့် အချက်များဖြစ်နေသောကြောင့် အစိုးရ အနေဖြင့် လိုက်လျောပေးနိုင် သည့် အခြေအနေတွင်ရှိနေသည့် အတွက် တွေ့ဆုံဆွေးနွေးမှု ခပ်မြန်မြန်ပြုလုပ်ရေး လိုလားသည်ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းရီက ပြောသည်။

လက်ရှိအတည်ပြုပြဋ္ဌာန်း ထားသည့် အမျိုးသားပညာရေး ဥပဒေတွင် ဗဟိုချုပ်ကိုင်မှုများ ပါဝင်နေခြင်း ၊ ကျောင်းသား၊ ပြည်သူကို အခြေမခံခြင်းနှင့် ကျောင်းသားသမဂ္ဂများဖွဲ့စည်းခွင့်မရရှိခြင်းစသည့် အချက် တို့ကို ပြုပြင်ပေးရန် သပိတ်မှောက်ကျောင်းသားများ က တောင်းဆိုထားခြင်းလည်း ဖြစ်သည်။

‘‘တွေ့ဆုံမှုကို ခပ်မြန်မြန် လုပ်ပါ။ အစိုးရဆိုတာ နိုင်ငံသား တွေ ကောင်းဖို့ အကျိုးကိုရှေးရှုရ ပါမယ် ။ ဆွေးနွေးမှုတွေကို အချိန် ဆိုင်းတာဟာ တိုင်းပြည်အတွက် အကျိုးမရှိပါဘူး’’ဟု တစညပါတီ ၏ ဗဟို အလုပ်အမှုဆောင် ဦးထွန်းရီက ဆိုသည်။

ယနေ့ ဖြစ်ပေါ်နေသော ကျောင်းသားသပိတ်များဖြစ်ပေါ် လာရခြင်းအကြောင်းရင်းတွင်လည်း အမျိုးသား ပညာရေးဥပဒေ ကို ညှိနှိုင်းဖြေရှင်းမှု ပြုလုပ်ရန် ရက်ပေါင်း ၆၀ ကို ကျောင်းသားများ ဘက်က အစိုးရကို အချိန်ပေးခဲ့ သော်လည်း အစိုးရက လျစ်လျူရှု ခဲ့ခြင်း ပါဝင်သည်။

ထို့ပြင် သပိတ်ဖြစ်ပေါ်လာ သည့်အချိန်တွင် ပညာရေး ဥပဒေကို အကြောင်းပြ၍ ဆူပူအောင်ပြုလုပ်နေသူများ ရှိနေကြောင်း အစိုးရဘက်က သတင်းထုတ်ပြန်ခဲ့ သည်။ အစိုးရအနေဖြင့် နိုင်ငံတွင် ကြုံတွေ့ရသည့် ကိစ္စ တစ်ရပ်ရပ် ဖြစ်ပေါ် လာသည့် အချိန်တိုင်း အ ဖြေရှာရေးကို ဦးစားမပေးဘဲ ယင်းကိစ္စရပ်၏ နောက် ကွယ် တွင် ဆူ ပူအောင်လှုံ့ဆော်သည့် ကြိုးကိုင် သူရှိကြောင်း ထုတ်ဖော်ပြော ဆို နေမှုများသည် အဓိပ္ပာယ်မ ရှိ ကြောင်း မွန်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိမ်း က သုံးသပ်သည်။

‘‘ကျွန်တော်တို့အနေနဲ့က တော့ အစိုးရကို ပြောချင်တာက ကျောင်းသားတွေရဲ့ ဆန္ဒကို အ လေးထားပေး ဖို့ပါပဲ။ တွေ့ဆုံမှုကို ခပ်မြန်မြန်လုပ်မယ်။ မကျေလည် တာတွေရှိရင် ပြန်ထပ်ဆွေးနွေး မယ်။ အဲဒီလိုလုပ်ရင် အားလုံးကျေနပ်မယ့် အဖြေထွက်လာမှာပဲ။ တချို့ဟာတွေက အချိန်ဆွဲလို့တော့ သွေးအေးမသွားဘူး’’ ဟု နိုင်ငွေသိမ်းက ဆိုသည်။

လာမည့် လပိုင်းအတွင်း ကျင်းပတော့မည့် အထွေထွေရွေး ကောက်ပွဲသည် မြန် မာနိုင်ငံဒီမို ကရေစီအသွင် ကူးပြောင်းရေးအတွက် အရေးကြီးသောကြောင့် ရွေးကောက်ပွဲမတိုင်မီကာလများအ တွင်း နိုင်ငံအတွင်း တည်ငြိမ်အေး ချမ်းမှုရရှိရေးကို အစိုးရအနေဖြင့် အကြမ်းဖက်မှုမရှိဘဲ ဒီမိုကရေစီ ဆန်သော နည်းလမ်း များဖြင့် ပြုမူ ဆောင်ရွက်သင့်သည်ဟုလည်း နိုင်ငွေသိမ်း က ပြောသည်။

‘‘ဘာပဲဖြစ်ဖြစ် ဆွေးနွေးတိုင် ပင်ပြီး အဖြေရှာလို့မရဘူးဆိုတာ ဘယ်တော့မှ မရှိဘူး။ တကယ် ဆန္ဒရှိ ရင်ပေါ့။ နှစ်ဖက်စလုံးက ကိုယ်လိုချင်တာကို ငါတို့ ရအောင်လုပ်မယ်ဆိုရင်တော့ ဘယ်ရမလဲ။နှစ်ဖက် စလုံးက အပေးအယူလုပ် ရမှာပဲ’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ သတင်းမီဒီယာများ အား ပြောကြားထားသည်။


7Day News Journal

No comments:

Post a Comment

My Blog List