Thursday, February 12, 2015

ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ အစိုးရဟာ မိမိကိုယ်ရေးအတွက် နည်းမျိုးစုံ အသုံးပြုလာတယ်လို့ သူရဦးတင်ဦး ပြော


အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ အစိုးရဟာ မိမိကိုယ်ရေးအတွက် အချက်မျိုးစုံ အသုံးပြုလာတာ ကို သတိပြုမိတယ်လို့ NLD ပါတီ နာယက သူရဦးတင်ဦးက ဒီနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်နေ့) NLD ပါတီ ရုံးချုပ်မှာ ပြု လုပ်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနား မိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။
“ယခု ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အထွေထွေရွေးကောက်ပွဲကြီး နီးလာ သည်နှင့်အမျှ အစိုးရသည် သူတို့၏ ကိုယ်ရေးအတွက် အချက်အမျိုးမျိုးဖြင့် မျိုးစုံသုံပြီး ပြုလုပ်လာသည်ကို သတိပြုမိပါတယ်” လို့ သူက ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ပညာရေး ပြောင်းလဲရေး စနစ်၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး စနစ်နဲ့ တိုင်းရင်းသားရင်ကြားစေ့ရေး အတွက် ပဋိပက္ခ လက်နက်ကိုင်နည်းကို အပြီးအပိုင် စွန့်လွှတ်ကြဖို့လည်း သူက တိုက်တွန်းထားပါတယ်။

ဒီမိုကရေစီ အသွင်းကူးပြောင်းရေး လုပ်ငန်းစဉ်တွေရဲ့ အောင်မြင်မှုကြောင့် မြန် မာ့နိုင်ငံရေးမှာ မတူညီတဲ့ သဘောာထားတွေကို စေ့စပ်ဆွေးနွေးခြင်း နည်းလမ်းတွေနဲ့ အဖြေရှာတဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ် အသက် ဝင်ရှင် သန်နေပြီ ဖြစ်တဲ့အပြင် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်နိုင်ရေးအ တွက် အမျိုးသားနိုင်ငံရေး အင်အားစု အားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ရေးတို့ကိုလည်း ကြိုးပမ်းဆောင်ရွက်နေ တယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်ထောင်စုနေ့ သဝဏ်လွှာမှာ ပါရှိ ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး အစိုးရ ဖွဲ့စည်းထားနိုင်တဲ့ ဦးသိန်းစိန် အစိုးရဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ထပ်မံအောင်နိုင်ဖို့အတွက် နည်းဗျူဟာတွေ အသုံးပြုလာနိုင်တယ်လို့ နိုင် ငံရေး လေ့လာသုံးသပ်သူတွေ က ထောက်ပြထားပါတယ်။

The Voice Weekly

No comments:

Post a Comment

My Blog List