Friday, February 13, 2015

ကျဆုံး အစိုးရ စစ်သည်များ၏ သားသမီးများ ပညာရေးအတွက် ဦးတေဇ သိန်းတစ်ထောင်လှူမည်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသတွင် အစိုးရတပ်နှင့် ဖုန်ကြားရှင်ဦးဆောင်သည့် တပ်ပေါင်းစုတို့ ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ကျဆုံးသွားသည့် အစိုးရစစ်သည်များ၏ သားသမီးများ ပညာရေးအ တွက် ထူးဖောင်ဒေးရှင်၏ နာယကဖြစ်သူ ဦးတေဇမှ ငွေကျပ် သိန်းတစ်ထောင်လှူဒါန်းသွားမည်ဟု ထူးဖောင်ဒေးရှင်း၏ လူမှုကွန်ယက်စာမျက်နှာတွင် လွန်ခဲ့သည့် မိနစ်သုံးဆယ်က ရေးသားထားသည်။
“တိုက်ပွဲတွင် ကျဆုံးသွားခဲ့ကြသော တပ်မတော်သားများအတွက် ထူးဖောင်ဒေးရှင်းမှ ကျန်ရစ်သော မိသားစု များနှင့် ထပ်တူ ဝမ်းနည်းကြေကွဲမိပါသည်” ဟုလည်း ထူးဖောင်ဒေးရှင်း၏ လူမှုကွန်ယက်စာမျက်နှာ တွင် ရေးသားထားသေးသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် အစိုးရတပ်နှင့် ဖုန်ကြားရှင် ဦးဆောင်သည့် တပ်ပေါင်းစုတို့ကြား တိုက်ပွဲဖြစ်စဉ်ပေါင်း ၁၃ ကြိမ်တွင် တပ်မတော်မှ အရာရှိ ၅ ဦးနှင့် စစ်သည် ၄၂ ဦး ကျဆုံးခဲ့သည်ဟု စစ်တပ်ပိုင် မြဝတီ သတင်းဋ္ဌာနက ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲများတွင် တပ်မတော်ဘက်က လက်နက်ကြီး ပစ်ကူများနှင့် လေကြောင်းပစ်ကူ ၅ ကြိမ် အထိ ပါဝင် တိုက်ခိုက်ခဲ့ပြီး အရာရှိ ၁၁ ဦး၊ စစ်သည် ၆၂ ဦး ဒဏ်ရာ ရရှိကာ မော်တော်ယာဉ် ၅ စီး ပျက်စီးဆုံးရှုံး သွားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် နယ်စပ်တိုက်ပွဲများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ စစ်သံမှူးထံသို့ သက်ဆိုင် ရာက အသိပေးထားပြီးဖြစ်သလို ရှမ်းပြည်နယ် အစိုးအဖွဲ့ကလည်း လောက်ကိုင်ဒေသတွင် ပုဒ်မ ၁၄၄ ထုန်ပြန်လိုက်ပြီ ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List