Tuesday, February 10, 2015

ရန်ကုန်မြို့တွင်းရှိ တက္ကသိုလ်များတွင် အခွင့်မရှိဘဲ ကျူးကျော်ဝင်ရောက်ပါက တည်ဆဲဥပဒေဖြင့် အရေးယူမည်ဟု ဗီနိုင်းများ ချိတ်ဆွဲထား


ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်အပါအ၀င် ရန်ကုန်မြို့တွင်းရှိ တက္ကသိုလ်များ၏ အ၀င်မုခ် ဦးတွင် ကျောင်းအတွင်းသို့ ၀င်ရောက်ခွင့် မရှိဘဲ ကျူးကျော်ဝင်ရောက်ပါက တည်ဆဲဥပဒေဖြင့် အရေးယူ မည် ဖြစ်ကြောင်း သတိပေးဆိုင်းဘုတ်များ ချိတ်ဆွဲထားသည်ကို ဖေဖော်ဝါရီ ၉ ရက်၌တွေ့ရသည်။

‘‘ကျောင်းဝင်းထဲကို အပြင် လူဝင်လို့မရဘူး။ အပြင်လူဝင်လို့ ရှိရင် ကျောင်းကလုပ်ပေးတဲ့ ဧည့် ကတ်ပြားနဲ့ ၀င်ရမယ်။ ကျောင်းမှာ လုံခြုံရေးတိုးမြှင့်ထားတာ မရှိပါ ဘူး’’ဟု ရန်ကုန်နည်းပညာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ အေးမြင့်က ပြောသည်။

ယခုအချိန်တွင် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) ၊ စီးပွားရေးတက္ကသိုလ်၊ ပညာရေး တက္ကသိုလ်၊ အ ဝေးသင်တက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁)၊ နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ရေကြော င်းကောလိပ် တို့အပြင် ဆူးလေမဟာဗန္ဓုလပန်းခြံ၌ပါ လုံခြုံရေးတိုးမြှင့်ချထား သည်ကို တွေ့ရသည်။

‘‘ကျောင်းထဲကို အပြင်လူ တွေပေးမ၀င်တော့ဘူး။ ဘာလို့ လဲတော့ မသိဘူး။ စာသင်ဆောင် တွေမှာတော့ ခုအချိန်ထိတော့ အေး အေးဆေးဆေးပဲ။ ယူနီဖောင်းတွေ နဲ့ စောင့်တဲ့သူတွေတော့ မရှိပေ မယ့် ကျောင်း ပတ်ဝန်းကျင်မှာ စကားပြောစက်ချိတ်ပြီး သွားနေ တဲ့ သူတွေတော့ ရှိတယ်’’ဟု ရန်ကုန်နည်းပညာ တက္ကသိုလ် (YTU) မှ ကျောင်းသူတစ်ဦးက ပြော သည်။

ညအချိန်များတွင် ရဲလုံခြုံရေးကားများ ရန်ကုန်တက္ကသိုလ်အတွင်းသို့ ၀င်ရောက်မှုများရှိနေပြီး ဒေသခံပြည်သူ များက မည်သည့်အတွက် ယခုလို ပြုလုပ်နေသည်ကို မသိရှိကြောင်း အနီးတစ်ဝိုက်ရှိ လူများက ပြောသည်။
ရန်ကုန်မြို့ ဆူးလေစေတီတော်အနီးရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် လည်း ယခင်ကတစ်ထပ်သံဆူးကြိုးများချ ထားခဲ့ရာမှ ယခုအခါ ပလက်ဖောင်းအပြည့် ချထားကြောင်းလမ်းမတော်မြို့နယ် နေ ကိုထက်အောင်က ဆိုသည်။

‘‘တွေ့တာတော့ လေးငါး ရက်လောက်ရှိပြီ ‘‘ဘာအတွက် လုပ်တာလဲတော့ မသိဘူး။ဒီလိုလူသွားလူလာများ တဲ့ နေရာမှာ ခုလိုလုပ်ထားတာတော့ ရုပ်ဆိုး တာပေါ့။ ဒီနေရာက မြို့ထဲက သူ တွေအပြင် အခြားနေရာ လူတွေ အပန်းလာဖြေတဲ့နေရာလေ’’ဟု ၎င်းက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက် ၍ ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းအား 7Day Daily သ တင်းစာက ဆက်သွယ်မေးမြန်းရာ လုံခြုံရေးတိုးမြှင့်ထားခြင်း မရှိ သေးကြောင်း၊ လုံခြုံရေးချထားရာတွင် စခန်းလုံခြုံရေး အင်အား ကိုသာ အသုံးပြုလျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

သပိတ်လမ်းကြောင်းများအ နေဖြင့် မန္တလေးမှ ရန်ကုန်သို့ ခရီး ရှည် ခြေလျင်ချီတက်လာသည့် ပင်မသပိတ် စစ်ကြောင်း၊ ဧရာဝတီ သပိတ်စစ်ကြောင်းနှင့် ပခုက္ကူ- မြေလတ်သပိတ်စစ်ကြောင်း သုံးခုခွဲ၍ ရန်ကုန်မြို့သို့ ချီတက်လာနေ ပြီး သပိတ်စခန်းဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း သပိတ်မှောက် ကျောင်းသားများထံမှ သိရသည်။


7Day Daily

No comments:

Post a Comment

My Blog List