Friday, February 13, 2015

ပြည်ထောင်စုနေ့အထိမ်းအမှတ် မွေးကုပြခန်းတွင် ကျပ်သိန်း ရှစ်ဆယ်တန်ရှိ နွားတစ်ကောင်ပြသခဲ့


မုံရွာမြို့ ပြည်သူ့အားက စားကွင်းတွင် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ ကျင်းပသည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြပွဲများတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပြခန်း၌ ကျပ်သိန်းရှစ်ဆယ်တန် နွား တစ်ကောင် ပြသခဲ့ကြောင်း သတင်းရရှိပါ သည်။
‘‘မြောင်မြို့နယ်က လာ ရောက်ပြသတာပါ။ မြန်မာမူရင်း ပြာစိမ်းမျိုးနွားသိုး ဖြစ်ပါတယ်။ နွားအလှမှာ ထိပ် တန်း စာရင်းဝင် ဖြစ်တဲ့အတွက် ကာလတန်ဖိုးကျပ် သိန်း ရှစ်ဆယ်အထိ ပေးဝယ်တဲ့ သူရှိတယ်။ ပိုင်ရှင်က မရောင်းဘူး’’ဟု မုံရွာမြို့ ဒေသခံနွားဝါသ နာရှင်တစ်ဦးက ပြောသည်။

အဆိုပါပြပွဲတွင် တန်ကြေး ကျပ် ၁၅ သိန်းမှ သိန်း ရှစ်ဆယ် တန်ဖိုးရှိ နွားမျိုးသန့်အကောင်ရေအများအပြား ပါဝင်ပြသခဲ့သည်။


7Day Daily

No comments:

Post a Comment

My Blog List