Thursday, February 12, 2015

တစညပါတီ ရွေးကောက်ပွဲတွင် အဆင့်နှစ်ဆင့်ဖြင့် ဝင်ပြိုင်မည် ပထမအဆင့် ၁၃၅မြို့နယ်နှင့် ဒုတိယအဆင့် ၇၉မြို့နယ်တွင် ပြိုင်မည်


တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီအနေ ဖြင့် လာမည့် အထွေထွေရွေးကောက်ပွဲတွင် အဆင့်နှစ် ဆင့်ဖြင့် ဝင် ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပထမအဆင့်တွင် မြို့နယ်ပေါင်း ၁၃၅ မြို့နယ်နှင့် ဒုတိယအဆင့်၌ မြို့ နယ်ပေါင်း ၇၉မြို့နယ်တွင် ရွေးကောက်ပွဲဝင် မည် ဖြစ်ကြောင်း အဆိုပါ ပါတီမှ သိရသည်။
အထက်ပါ ပထမအဆင့်တွင် ပါဝင်သည့် ၁၃၅ မြို့နယ်သည် တိုင်းဒေသ ကြီးအများစုမှဖြစ်ပြီး ဒုတိယ အဆင့် ၇၉ မြို့နယ်သည် ပါတီနိုင် ခြေရှိမည့် မြို့နယ်များဖြစ်ကြောင်း သိရသည်။

''အခုထိပြင်ဆင်ထားတာ ၁၃၅ မြို့နယ်မှာလွှတ်တော် သုံးရပ်အတွက် ဝင်ပြီးယှဉ်ပြိုင်မယ်။ ဒုတိယအဆင့် အနေနဲ့ တချို့ နေရာတွေမှာ တိုင်းနဲ့ ပြည်နယ်မဲဆန္ဒနယ်တွေမှာအခြေ အနေ ပေးတဲ့နေရာတိုင်းကို ဝင်ပြိုင် မယ်လို့ မှန်းထားတာ ၇၉ မြို့နယ်ရှိ ပါတယ်။ တကယ်ပြောမယ်ဆိုရင် ၁၃၅+၇၉ ပေါ့။ အခုထိ အကြမ်း ဖျင်းပြင်ဆင်ထားတာ ဖြစ်ပါတယ်''ဟု ပါတီ၏ ဗဟိုအလုပ် အမှုဆောင် ဦးဟန်ရွှေက ဆိုသည်။

တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီမှ (၆၈)နှစ်မြောက် ပြည်ထောင် စုနေ့အခမ်းအနားကို ဖေဖော် ဝါရီ ၁၁ရက်က ကျင်းပခဲ့ပြီး ယင်း အခမ်းအနား မတိုင်မီ မီဒီယာများနှင့် တွေ့ဆုံရာတွင်အထက်ပါအတိုင်း မီဒီယာများ၏ မေးမြန်းမှုကိုဖြေ ကြားခြင်းဖြစ်သည်။

ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် ဗဟိုအဆင့်၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ် အဆင့်၊မြို့နယ်အ ဆင့်နှင့် ရပ်ကျေးအဆင့်ထိ အောင် နိုင်ရေး ကော်မတီများကို ဖွဲ့စည်း ထားပြီး အောင်နိုင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ယင်းကဆက်လက်ပြောသည်။

''အဓိကတော့ ရပ်ကျေးအောင် နိုင်ရေးအဖွဲ့တွေက အရေးကြီးပါတယ်။ အခုရွေးကောက်ပွဲကမဲရုံမှာဘဲ ဘယ်သူနိုင်တယ်၊ ရှုံးတယ်ကြေညာ တာဆိုတော့ါမျေ မသသအူနလနူ က အရေးကြီးတယ်။ ဒါကိုသေချာ ဂရုစိုက်တယ်။ ရပ်ကျေးမဲရုံရှိတဲ့ ရပ်ကွက်တိုင်းမှာ အောင်နိုင်ရေး ဖွဲ့ပြီး စနစ်တကျပြင် ဆင်ထားတယ်'' ဟု ဦးဟန်ရွှေကပြောသည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ် ပြိုင်မည့်လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ပတ်သက်ပြီးလည်း အဓိက အားဖြင့် အောက်ခြေပြည် သူလူထု ရွေးချယ်ပေး သည့်သူ၊ဒုတိ ယဗဟိုကော်မတီမှသင့်လျော်သည့် သူများကို ရွေးချယ်သွား မည်ဖြစ် ကြောင်း သိရသည်။

ပါတီတွင်လူကြီးပိုင်းများနေခြင်းသည် စိန်ခေါ်မှုတစ်ခုဖြစ်နေ သည့်အတွက် ယင်းကိုလည်း လူငယ်များကို ဦးစားပေးယှဉ်ပြိုင်သွား စေမည်ဖြစ်ကြောင်းနှင့် လွှတ်တော်များတွင် အမျိုးသမီးကိုယ်စားလှယ် ဦးရေ နည်းပါးနေသည့်အတွက် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များကိုလည်း ဦးစားပေးယှဉ်ပြိုင်စေ မည်ဖြစ်ကြောင်း သိရသည်။

''ပြည်သူက လိုချင်တဲ့သူ လွှတ်တော်နိုင်ငံရေးမှာ အသုံးတည့်မယ့် သူ။ ပြည်သူအပေါ်မှာ မောက်မာတဲ့ ကိုယ်စားလှယ်တွေ မပါအောင် ရွေး ချယ်သွားမှာပါ''ဟု ဦးဟန်ရွှေကပြောသည်။

တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေး ပါတီအနေဖြင့် တိုင်းဒေ သကြီးနှင့် ပြည်နယ် ၁၄ခုမှ မြို့ နယ်ပေါင်း ၃၀၅မြို့နယ်တွင် ပါတီ ရုံးခွဲများဖွင့်လှစ် ထားကြောင်း သိရသည်။

NTDW
#Democracytoday

No comments:

Post a Comment

My Blog List