Thursday, February 12, 2015

''ဆိုက်ဘာခါလီဖိတ်'' ဟု ခေါ်သော ဟက်ကာအဖွဲ့က Newsweek မဂ္ဂဇင်း၏တွစ်တာအကောင့်ကိုတိုက်ခိုက်ကာအိုဘားမားနှင့် မိသားစုကို ခြိမ်းခြောက်


၎င်းတို့ကိုယ်ကိုယ် ၎င်းတို့''ဆိုက် ဘာခါလီဖိတ်'' ဟု အမည်ပေးထား သော ဟက်ကာအဖွဲ့က အင်္ဂါနေ့တွင် Newsweek မဂ္ဂဇင်း ၏ တွစ်တာ အ ကောင့် ကိုတိုက်ခိုက်ကာ အမေရိကန် သမ္မတအိုဘားမားနှင့် ၎င်း၏ မိသားစုကို ခြိမ်းခြောက်ခဲ့ကြောင်း ရိုက်တာ သတင်းအရ သိရသည်။
ဟက်ကာများက ''Je su lS IS'' ဟူသော Newsweek ၏အကောင့် ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုစကားလုံးက IS စစ်သွေးကြွ အဖွဲ့နှင့် ပြင်သစ်မှ ချာလီဟက်ဘ်ဒိုမဂ္ဂဇင်းတိုက် အား ဆိုးဆိုးရွားရွားတိုက်ခိုက်ခြင်းကို ဖော် ညွှန်းသည့် ဆိုက်ဘာခါလီဖိတ် အဖွဲ့က Newsweek ၏တွစ်တာအ ကောင့်ကို တိုက်ခိုက်ကာ''သွေးထွက် သံယိုမှုများသော ဆိုက်ဘာခါလီဖိတ်၏ဗာလင်တိုင်းနေ့ ပါ မစ်ချယ်အိုဘား မား၊ ငါတို့တွေဟာ မင်းရယ် မင်းရဲ့ သမီးတွေရယ် မင်းရဲ့ခင်ပွန်းတို့ကို စောင့်ကြည့်နေပါတယ်'' ဟု ရေးသား ခဲ့ကြောင်း သိရသည်။

ဆိုက်ဘာခါလီဖိတ်အဖွဲ့သည် လွန်ခဲ့သောလက ပင်တဂွန်၏ လူမှုကွန် ရက်စာမျက်နှာကို တိုက်ခိုက်ခဲ့သည် ဟု ဝန်ခံထားသော အဖွဲ့လည်းဖြစ်သည်။

ထိုသို့ခြိမ်းခြောက်ရေးသား ထားခြင်းကြောင့် FBI ထိုတိုက်ခိုက်မှုကို စုံစမ်း စစ်ဆေးနေသည်ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျို့စ် အာနက်က ဆိုသည်။

သို့သော် သမ္မ တမိသားစုအပေါ် ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ တစ်စုံ တစ်ရာပြောကြား ခဲ့ခြင်းမရှိပေ။

ဟက်ကာများ၏ တိုက်ခိုက်မှု ပြီးနောက် နြတျတနနု ၏ တွစ်တာ အကောင့်တွင် ''ဆိုက်ဘာခါလီဖိတ်အဖွဲ့ ကို ထောက် ခံကြောင်းပြောကြား ထားသည့် စာတန်း တစ်ခုနှင့်အတူ အဖြူ၊ အနက်မျက်နှာဖုံးစွပ်ထားသည့် ဂျီဟတ်တစ်ဦး၏ ပုံကိုပါ လွှင့်တင်ထားသည်ကိုလည်း တွေ့ရသည်။

သို့သော် Newsweek မဂ္ဂဇင်းက ထိုစာတန်းပါ ရုပ်ပုံကိုဖယ်ရှားကာ ၁၄မိနစ် အတွင်း အကောင့်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည် ဟု သိရသည်။

Ref : Reuters
‪#‎Democracytoday‬

No comments:

Post a Comment

My Blog List