Thursday, February 12, 2015

တိုက်ပွဲဝင်တပ်မတော်သားများကို ဂုဏ်ပြုသောအားဖြင့် စစ်ဝတ်စုံ၊မြန်မာ ၀တ်စုံများဖြင့် ဓါတ်ပုံရိုက်ကာ တပတ်တိတိ ဖေ့စ်ဘွခ်တင်မယ်ဆိုတဲ့ ဇာဇာထက်


ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း လောက်ကိုင်တွင် တိုက်ပွဲဝင်နေသည့် တပ်မတော်သားများအား ဂုဏ်ပြုသောအားဖြင့် စစ်ဝတ်စုံ ၊ မြန်မာဝတ်စုံများ ရိုက်ကာ ဖေ့စ်ဘွခ်တင် သွားမည်ဖြစ်ကြောင်း Sexy မော်ဒယ် ဇာဇာထက် က News Watch ဂျာနယ်သို့ပြောသည်။


“အစ်မအမြဲတမ်း sexy ပုံရိုက်တယ်။ အစ်မက sexy ပုံကို Professional ရိုက်တယ်။ ဒါပေမဲ့ အခုကိုယ်မ လုပ်နိုင်တဲ့အရာတွေကိုလုပ်တဲ့အတွက် ရယ် မြန်မာလူမျိုးဖြစ်တဲ့အတွက်ရယ် တိုက်ပွဲဝင်တဲ့ ရဲဘော်တွေ အတွက် ဘုရားသွားမယ်။ ကောင်းမှုကုသိုလ်တွေကို တတ်နိုင်တဲ့ဘက်က ပြုလုပ်ပေးမယ်။ ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ နေ့တိုင်း တပတ်လုံးလုံး မြန်မာဝတ်စုံလေးတွေ ကို ရိုက်ပြီး Facebook တင်မှာပါ။ စစ်ဝတ်စုံ နဲ့ အလှမပြင်ဘဲ အလေးပြုတဲ့ပုံကို ရိုးရိုးလေးပဲရိုက်ပြီးတင်မှာပါ။” ဟု ၄င်းကပြောသည်။

ဇာဇာထက်သည် ၀တ်လစ်စားလစ်ပုံများဖြင့် အင်တာနက် လူမှုကွန်ယက် စာမျက်နှာများတွင် အောင်မြင်နေ သည့် ဓါတ်ပုံမော်ဒယ်တဦးဖြစ်ပြီး ၄င်းအနေဖြင့် ယခုဖြစ်ပွားနေသည့် ရှမ်းပြည်နယ် အရှေ့မြောက် ပိုင်း လောက်ကိုင်စစ်ပွဲတွင် လိုအပ်လာလျှင် လက်နက်စွဲကိုင်၍ တိုက်ပွဲ ၀င်သွားမည်ဖြစ်ကြောင်းကိုလည်း ဆက်လက်ပြောသည်။

“နည်းစနစ်ကျကျ သင်ထားတာ မဟုတ်ပေမဲ့ တကယ်လိုအပ်ရင်တော့ တိုင်းပြည် နဲ့ပတ်သတ်လာရင် ပစ်သင့်ရင်ပစ်ရမယ်။ထမ်းသင့်ရင်ထမ်းရမယ်။ အများ မိုး ခါးရေးသောက်ရင် သောက်ရမယ်။ ဒါကတော့ ကိုယ့်ရဲ့ရဲရင့်တဲ့စိတ်ဓါတ်ပဲ၊ အပြောလား လက်တွေ့လား ဆိုတာကို ပရိတ်သတ်ကြီးကို စောင့်ကြည့်စေချင် တယ်။ အရေးကြီးရင် သွေးစည်းရမဲ့ဆိုတဲ့ အဓိပ္ဗါယ်ရှိတယ်။ ကိုယ့်နိုင်ငံကို သူများကလာပြီး အုပ်ချုပ်မယ် ဆိုရင် အကုန်လုံးက ပေါင်းစည်းပြီးတော့ တိုက်ထုတ်ရမှာပဲလေ။” ဟု ဇာဇာထက် က ပြောသည်။ ယခု ၄င်း၏ ကိုယ်ပိုင်ဖေ့စ်ဘွခ် Profile အားလည်း ငြိမ်းချမ်းရေး အလံပုံ ပြောင်းထားသည်။

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းလောက်ကိုင် တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ဗိုလ်ကြီး ပြည့်ဖြိုလင်း၊ ဗိုလ်ကြီးအောင်ကျော်မြင့်၊ ဗိုလ် လှမျိုး တို့အနက် ဗိုလ်ကြီး အောင်ကျော်မြင့် နေအိမ်သို့သွားရောက်ကာ ကျန်ရစ်သည့်မိသားစုများအား ထောက်ပံ့ကြေးအလှူငွေ ပေးအပ်သွားရန်ရှိကြောင်းလည်း သူမ က ပြော သည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List