Friday, February 13, 2015

တိုက်ပွဲများကြောင့် တပ်မတော်သား ၄၇ ဦးကျ၊ ၇၃ ဦး ဒဏ်ရာရ


မြန်မာ့တပ်မတော်နှင့် ကိုးကန့် လက်နက်ကိုင်အဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားပြီး သုံးရက်မြောက်နေ့ တွင် မြန်မာ့ တပ်မတော်မှ အရာရှိ ငါးဦးနှင့် စစ်သည် ၄၂ ဦး၊ စုစုပေါင်း ၄၇ ဦး ကျဆုံးခဲ့ပြီး အရာရှိ ၁၁ ဦးနှင့် စစ်သည် ၆၂ ဦး၊ စုစုပေါင်း ၇၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရက တရား ၀င်သတင်းထုတ်ပြန်သည်။
ဦးသိန်းစိန်အစိုးရ လက်ထက် ဖြစ် ပွားခဲ့သည့် တိုက်ပွဲများအနက် တပ်မတော် က ထုတ်ပြန်သည့် အကျ အဆုံးစာရင်းများတွင် ယခုတစ်ကြိမ်မှာ အများဆုံးဖြစ်သည်။ တပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင် တို့ကြား ယခုလက ၉ ရက်မှစ၍ လောက် ကိုင်နယ်မြေတွင် တိုက်ပွဲများဖြစ်ပွားနေ ခြင်းဖြစ်သည်။

‘‘အခုကြားရတဲ့ စာရင်းတွေအရ ကာလတိုလေးအတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲ အတွင်းမှာ ဒီလောက် ကျတယ် ဆိုတော့ ၂၀၁၁ နောက်ပိုင်းတိုက်ပွဲတွေ ဖြစ်ပွားမှုထဲမှာ အများဆုံး ကျဆုံးမှုလို့ပြောလို့ရပါတယ်။ ပြီးတော့ ဒီလောက် အများကြီး ကျတယ်ဆိုတာ မြန်မာ့တပ်မတော်ရဲ့ တိုက်စွမ်းရည်နဲ့ သတိပြုမှုကလည်း ကျဆင်း တယ်လို့ခန့်မှန်း လို့ရတယ်။ တကယ်ဆိုဒါတွေက ကိုးကန့်တွေပေါ်လာကတည်းက ကြိုပြင်ထားရမှာ’’ ဟု နိုင်ငံရေး ဆောင်းပါးရှင် ဦးစည်သူအောင် မြင့်က သုံးသပ်ပြောကြားသည်။

တပ်မတော်နှင့် ကိုးကန့် တိမ်းရှောင်အဖွဲ့တို့ကြား သုံးရက် အတွင်း တိုက်ပွဲပေါင်း (၁၃) ကြိမ် ဖြစ်ပွားခဲ့သည်။

သုံးရက်အတွင်း တိုက်ပွဲ ကြောင့် ကိုးကန့်အဖွဲ့မှ သုံးဦးကျဆုံးပြီး ရှစ်ဦးဒဏ်ရာ ရရှိခဲ့ ကြောင်း ကိုးကန့် တပ်ဖွဲ့ပြောခွင့်ရ ပုဂ္ဂိုလ်ဦးထွန်းမြတ်လင်းက ဆို သည်။

‘‘ကျွန်တော်တို့ MNDAA သံလွင်အရှေ့ခြမ်းကို ကူးလာတာ အင်အားကတော့ တစ်ထောင်နီး ပါးရှိတယ် ။ မြန်မာစစ်တပ်က တော့ အင်အားသုံးထောင်လောက်ရှိတယ်’’ ဟု ဦးထွန်းမြတ်လင်းက ပြောသည်။

အဆိုပါတိုက်ပွဲများတွင် ဖေဖော်ဝါရီ ၁၀ ရက် က ညံခွမ်းနှင့်၁၈ မိုင်တစ်ဝိုက်၌ဖြစ်ပွားသော တိုက်ပွဲမှာ အပြင်းထန်ဆုံးဖြစ်သည်။ သောင်းကျန်းသူအင်အား ၂၀၀ ခန့်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပြီး အရာရှိတစ်ဦး အပါအ၀င် စစ်သည် ၂၉ ဦးကျဆုံးကာ အရာရှိ ရှစ်ဦးအပါအ ၀င် စစ်သည် ၃၉ ဦး ဒဏ်ရာရ ရှိခဲ့သည်။

ဒုတိယ အကျအဆုံးများ သောတိုက်ပွဲမှာ ဖေဖော်ဝါရီ ၉ ရက်တွင် ကွမ်းလုံမြို့မြောက် ဘက်တောက်ရွှေကျေး ရွာအနီး၌ ဖြစ်ပွားသော တိုက်ပွဲ ဖြစ်သည်။ ယင်းတိုက်ပွဲတွင် တပ်မတော်အ ရာရှိ လေးဦး၊ စစ်သည် ခုနစ်ဦး ကျဆုံးပြီး အရာရှိ နှစ်ဦးနှင့် စစ် သည် ၁၁ ဦးဒဏ်ရာ ရရှိသည်။

ဖေဖော်ဝါရီ ၉ ရက်က ကိုး ကန့်တိမ်းရှောင်အဖွဲ့သည် လက် နက်ငယ်များကိုင်ဆောင်၍ ကွမ်းလုံမြို့ မြောက် ဘက် တောက်ရွှေ ကျေးရွာသို့ မော်တော်ယာဉ်များ ဖြင့် ရောက်ရှိလာပြီး ကျေးရွာ ပြည်သူ့စစ်များထံမှ လက်နက်ငယ်ရှစ်လက် သိမ်းယူသွားခဲ့သ ဖြင့် တပ်မတော်က လိုက်လံရှင်း လင်းရာမှ တိုက်ပွဲများစတင်ဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

ကုန်းကြမ်းနှင့် ညံခွမ်းလမ်း ၁၈ မိုင်တွင်လည်း နှစ်ဖက်တပ် များတိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားပြီး တပ်မတော် စစ်သည် ငါးဦးကျ ဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့သည်။

ထို့အပြင် မြန်မာ-တရုတ် နယ်နိမိတ်မှတ်တိုင် ဘီပီ-၁၆၁ (၁)အနီး မော်ထိုက်မြို့ တစ်ဝိုက် တွင်လည်း ကိုးကန့်အင်အားစုအ ချို့မှ နှစ်ကြိမ်ဝင်ရောက်တိုက် ခိုက်ခဲ့သဖြင့် တပ်မတော်မှ စစ် သည် လေးဦးဒဏ်ရာရခဲ့ သည်။

ဖေဖော်ဝါရီ ၁၀ ရက်တွင် ညံခွမ်းနှင့် ၁၈ မိုင်ကြား တိုက် ပွဲများဖြစ်ပွားရာ တပ်မတော်မှ စစ်သည် ခြောက်ဦး ဒဏ်ရာ ရရှိ ခဲ့သည်။

ထို့နောက် လောက်ကိုင်မှ တပ်မတော်စစ်ကြောင်း စစ်ကူ သွားရောက်ခဲ့ရာ ၁၈ မိုင်နှင့် တာ ရွှေထန်ကြား တွင် သောင်းကျန်း သူ အင်အား ၂၀၀ ခန့်နှင့် အပြင်း အထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ခိုက်ရေးရဟတ်ယာဉ် တို့ဖြင့် တပ်မတော်ဘက်မှ သုံးကြိမ်ပစ်ကူပေး ခဲ့သည်။

ကိုးကန့်တိမ်းရှောင်အဖွဲ့ သည် တပ်မတော်စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည် သာမက လောက်ကိုင် တပ်နယ်အတွင်းသို့ လည်း အကြမ်းဖက်ဝင်ရောက်ခဲ့ ပြီး ဖေဖော်ဝါရီ ၁၁ ရက်နံနက်က ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ရုံးသို့ လည်း ကောင်း၊ ဆီအော့အကျဉ်းဦးစီး ဌာနသို့လည်းကောင်း၊ ရန်လုံကျိုင်း ရဲစခန်းသို့လည်းကောင်း လက် နက်ကြီးငယ်များဖြင့် ၀င်ရောက် တိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် ဒုရဲအုပ်တစ်ဦးနှင့် ကိုးကန့်ရဲတပ် ဖွဲ့ဝင်ခြောက်ဦးကျဆုံးခဲ့သည်။

ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်တိမ်းရှောင်အဖွဲ့သည် လောက်ကိုင်ဒေသတွင် မျိုးနွယ်တူနေထိုင်သူများ ကို အခွင့်ကောင်း ယူ၍ အခြေပြုလှုပ်ရှားဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက် ၌ ဖော် ပြထားသည်။

ကိုးကန့်တိမ်းရှောင်အဖွဲ့နှင့် အခြားတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များသည် ပြည်ထောင်စုနေ့မတိုင် မီ လောက်ကိုင်မြို့ကို သိမ်းပိုက်၍ အစိုးရအကျပ် အတည်းဖြစ်စေရေး ရည်မှန်း ချက်ထားပြီး ဆောင်ရွက် ခဲ့သည်ကို တပ်မတော်မှ တားဆီးနိုင်ခဲ့ ကြောင်း အစိုးရသတင်းမီဒီယာများက ကြေညာခဲ့သည်။

ကိုးကန့်တပ်ဖွဲ့နှင့်အတူ ကေအိုင်အေ၊ TNLA ၊ ရက္ခိုင့်တပ် မတော် (AA)နှင့် SSA တို့ ပါဝင် တိုက် ခိုက်ကြောင်း ကိုးကန့်တပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းကဆိုသည်။

ကိုးကန့်တိမ်းရှောင်အဖွဲ့ များသည် တာရွှေထန်နှင့် ၁၈ မိုင်လမ်းဆုံအနီး စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်း များ လုပ်ဆောင်မှုအပေါ် အခွင့်ကောင်းယူ၍ ကြိုတင်စိမ့်ဝင်ရောက်ရှိနေခဲ့ပြီး၎င်းတို့သည် သစ်လွင်သော ယူနီ ဖောင်းများ ၀တ်ဆင်ထားကာ ခရီးဝေးမှ လာခဲ့ဟန်မရှိဘဲ လန်း ဆန်းသော အနေအထားများရှိ သည်ဟု ဆိုသည်။ ထို့အပြင် လှုပ် ရှားမှုများမှာ လျင်မြန်လွယ်ကူ ရွှေ့ပြောင်းနိုင်ရးန် နယ်စပ်ကုန် သွယ်ရေးနှင့် ကုန်ထုတ်လုပ်ငန်း များအတွက် ဖောက်လုပ်ထား သော လမ်းများကို အမျိုးအစား ကောင်းမွန်သည့် ယာဉ်ငယ်များ ဖြင့် ရွှေ့ပြောင်းခဲ့သည်။

တိုက်ပွဲများတွင် ဒုံးပစ် လောင်ချာနှင့် လက်ပစ်ဗုံးအရေ အတွက်များစွာ သုံးနိုင်ပြီး လေယာဉ်ပစ်စက်သေ နတ်ကြီးများကိုလည်း အဖွဲ့အားလုံးတွင် ဖြန့်ခွဲ အသုံးပြုနိုင်သည်။ လှုပ်ရှားမှုနှင့် တိုက်ပွဲအနေအထားမှာ စနစ်တ ကျပြင်ဆင်လေ့ကျင့်ထားသူများ ဖြစ်ကြောင်း အစိုးရမီဒီယာက ထုတ်ပြန်ကြေညာသွားသည်။

မြန်မာ-တရုတ်နယ်စပ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ် စစ်သံမှူး ထံသို့ သက်ဆိုင် ရာမှ ရှင်းလင်းပြောကြားအသိပေး ထားကြောင်းလည်း ဖော်ပြထား သည်။

ယခုအခါရှမ်းပြည်နယ်အစိုး ရအဖွဲ့က လောက်ကိုင်ဒေသတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး တပ် မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ လုံခြုံရေး ဆောင် ရွက်လျက်ရှိသည်။

7Day News Journal

No comments:

Post a Comment

My Blog List