Thursday, February 12, 2015

ပြည်ထောင်စုနေ့တွင် ငြိမ်းချမ်းရေးအတွက် ကတိပြုချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးဖွဲ့လက်မှတ်ရေးထိုး


ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်ကို နေပြည်တော်၌ပြည်ထောင်စုနေ့ တွင် လက်မှတ်ရေးထိုးခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးဖွဲ့ ပါဝင်ရေးထိုးခဲ့သည်။
ပြည်ထောင်စုနေ့အခမ်းအနားတက်ရောက်ရန်ရောက်ရှိနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့ အနက် ကရင်အမျိုးသားအစည်းအရုံး (KNU), ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုး သားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်/ငြိမ်းချမ်းရေးကောင်စီ (KNU, KNLA-PC )နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ကျန်အဖွဲ့များမှာ သဘောမတူခြင်းမဟုတ်ဘဲ သက်ဆိုင်ရာခေါင်းဆောင်များထံ အသိပေးတင်ပြပြီးမှ လက် မှတ်ရေးထိုးရန်အကြောင်းပြန်မည်ဖြစ်သည်။ ထို့အပြင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီ များမှ ကိုယ်စားလှယ်များကလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။


7Day News Journal

No comments:

Post a Comment

My Blog List