ဗိုလ်ချုပ် ရာပြည့်ပွဲ အထိမ်းအမှတ်အဖြစ် မြိတ်မှ မိုင်တစ်ထောင်ကျော် ဝေးသည့် မကွေးတိုင်း၊ နတ်မောက်မြို့ သို့ တစ်ကိုယ်တော်လမ်းလျှောက်သူ ကိုအောင်သူ သည် ဖေဖော်ဝါရီ ၁၂ ရက်တွင် နတ်မောက်မြို့သို့ ရောက် ရန် မှန်းထားကြောင်း သတင်းရရှိသည်။
‘‘ဗိုလ်ချုပ်ရာပြည့်ပွဲကို ရည် ရွယ်ပြီး လမ်းလျှောက်တယ်လို့ သိရတယ်။ ၁၂ ရက်နေ့လောက် နတ်မောက် ကိုရောက်နိုင်တယ်’’ ဟု နတ်မောက်မြို့နယ် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသောင်းရွှေ က ပြောကြားသည်။နတ်မောက်မြို့တွင် ကျင်းပ နေသော ဗိုလ်ချုပ်နှစ် (၁၀၀)ပြည့် ပွဲတော်သို့ တက်ရောက်ဂုဏ်ပြု ရန် မြိတ်မြို့မှ ဇန်နဝါရီ ၁ ရက် ကတည်းက ခြေလျင် လမ်းလျှောက်လာပြီး ယခုဆိုလျှင် ရက်ပေါင်း ၃၉ ရက်ခန့်ရှိပြီဖြစ် သည်။
‘‘နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဘာအရောင်အသွေးမှ မပါဘူး။ ဗိုလ်ချုပ်ကို ဂုဏ်ပြုချင်တဲ့ ဆန္ဒ သက်သက်ပါ ပဲ။ လျှောက်လာတဲ့ လမ်းတစ်လျှောက်မှာလည်း ဘာ အနှောင့်အယှက်မှမရှိပါဘူး’’ ဟု ကိုအောင်သူက ပြော သည်။
ကိုအောင်သူက ဖေဖော်ဝါရီ ၆ ရက်က နတ်မောက်မြို့နှင့် ၂၆ မိုင်အကွာညောင် ပင်ရွာကျေးရွာ သို့ ရောက် ရှိနေပြီး နတ်မောက်မြို့ သို့ ဆက်လက်လမ်းလျှောက်ချီ တက်နေသည်။
မြိတ်မြို့မှ လမ်းလျှောက်လာသော ကိုအောင်သူ၏ လမ်း လျှောက်ခရီးစဉ်ကို နတ်မောက်မြို့တွင် အဆုံးသတ် မည်ဖြစ်ပြီး မိုင်ပေါင်း ၁,၀၇၀ ကျော် လမ်း လျှောက်ခရီးစဉ်အဖြစ် မှတ်တမ်း ဝင်မည်ဖြစ်သည်။
မကွေးတိုင်း နတ်မောက် တွင် ကျင်းပနေသော ဗိုလ်ချုပ်ရာ ပြည့်ပွဲတော်ကို မကွေး၊ စစ်ကိုင်း၊မန္တလေးတိုင်းဒေ သကြီး၊ ရှမ်းပြည်နယ်ဘက်၌ နေ့စဉ်လူ ငါးသောင်းခန့် လာရောက်ကြကြောင်း သတင်းရရှိသည်။
7Day News Journal
No comments:
Post a Comment