Wednesday, February 11, 2015

မြန်မာအစိုးရ၏ အပစ်အခတ်ရပ်စဲရေးကို ငြင်းဆန်နေသော လက်နက်ကိုင်အဖွဲ့


အမှန်တော့ သည်အဖွဲ့က မြန်မာ နိုင်ငံရှိ အင်အားအနည်းဆုံးတိုင်းရင်းသား လက်နက်ကိုင်အုပ်စု လေး တစ်ခုသာ ဖြစ်၏။ ရှမ်းပြည် မြောက်ပိုင်း တောင်ကြားဒေသ ဝေးလံခေါင်ဖျားသော ရွာလေး များဆီက ထောင် ဂဏန်းမျှသာ ရှိသော လက်နက်ကိုင်တိုက်ခိုက် ရေးသမားများသာ ဖြစ်သည်။ 


သို့သော် သမ္မတဦးသိန်းစိန်က ယခုနှစ်ကုန်တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ ညီချက် ရအောင် ကြိုးပမ်းနေချိန်မှာ တအောင်း (ပလောင်) အမျိုး သားလွတ်မြောက်ရေး တပ်က ဦးသိန်းစိန်အ တွက် ပြဿနာကြီး တစ်ခု ဖြစ်လာပါပြီ။

အဆိုပါ လက်နက်ကိုင်အ ဖွဲ့က မြန်မာအစိုးရ၏ အပစ်အ ခတ်ရပ်စဲရေးသဘောတူညီချက် များသည် ၎င်းတို့လိုချင်သည်များ မပါဘဲ ပလောင်လူမျိုးများ၏ သယံဇာတအရင်းအမြစ်များကို လက်ဝါးကြီးအုပ်ရန် ကြံနေသည် ဟု ပြောကာစေ့စပ်ညှိနှိုင်းရန် ငြင်းဆန်ထားသည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်က ၎င်းတို့က ကိုယ် ပိုင်အုပ်ချုပ်ရေးဇုန်အတွက် လက် နက်ချဖို့ သဘောတူခဲ့သည်။ သို့ရာတွင် ထိုဖြစ်ရပ်က သူတို့လူမျိုးများ အတွက် အကျိုးနည်းနည်းလေးမျှ မရှိခဲ့ကြောင်း ပြောသည်။

‘‘တကယ်တော့ ပိုတောင်ဆိုးလာသေးတယ်’’ ဟု ပလောင်အ ဖွဲ့မှ ပြောခွင့်ရ မိုင်းအိုက်ကြိုက ပြောသည်။ စစ်သားများနှင့် အစိုးရဘက်သားများသည် ဒေသခံများ ကို နှိပ်စက်ကြသည်ဟု ၎င်းနှင့် အခြားတိုင်းရင်းသား များက ပြောသည်။ ၎င်းတို့သည် ဘိန်းစိုက်သောဒေသအတွင်းက မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းများတွင် ပိုမိုပတ်သက်လာကြသည်။ မူးယစ်ဆေး ၀ါးလွယ်လွယ်ရလာမှုက ဆေးစွဲသူနှုန်းကို မြင့်တက်လာစေသည်။ ပလောင်အမျိုးသားဦးရေ ထက်ဝက်ခန့်မှာအသက်(၁၃)နှစ်အရွယ်ကတည်းက ဆေးစွဲနေပြီဟု ကျေးရွာ လူကြီးတစ်ဦးကဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲကို လူ ညံ့အခွင့်အရေးသမားများက မမျှ တဟု ဝေဖန်လင့်ကစား ၂၀၁၁နိုင်ငံရေး၊ စီးပွားရေးများ လမ်းဖွင့်ပေးမှုကြောင့် မြန်မာက ကမ္ဘာ့အ လယ်မှာ ထင်ရှားလာသည်။

သမ္မတဦးသိန်းစိန်က တိုင်းပြည်ကို ရာစုနှစ်ဝက်ကြာ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ စနစ်ဆီသို့ ဦးတည်ပဲ့ကိုင်နေသော်လည်း အချို့ ပြုပြင်ပြောင်းလဲရေးများ ရပ်တန့်နေသလို အချို့မှာလည်း နောက်ကြောင်း သို့ စတင်ပြန်လှည့်နေပါပြီ။

တစ်ခုကတော့ သမ္မတ ဦးသိန်းစိန် ကတိပြုထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး ဖြစ်သည်။ မြန်မာနိုင်ငံ ၁၉၄၈ ဗြိတိသျှလက်အောက်က လွတ်မြောက် လာကတည်းက တိုင်းရင်း သား လက်နက်ကိုင် တပ်ဖွဲ့အများစုနှင့် အစိုးရတပ်များက တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ ထိုကဲ့သို့ ပြည်တွင်း မငြိမ်သက်မှုက တိုင်းပြည် ၏ တိုးတက်ရေးကို အနှောင့်အယှက်ဖြစ်စေပြီး မြန်မာကိုဒေသ တွင်းမှာ အဆင်း ရဲဆုံးနိုင်ငံတစ် နိုင်ငံ ဖြစ်လာစေသည်။

ထိုအထဲတွင် TNLA ခေါ် တအောင်း (ပလောင်)အမျိုးသား လွတ်မြောက်ရေးတပ်က ယခုအချိန်ထိ တိုက် ခိုက်နေဆဲဖြစ်ပြီး စစ်အင်အား လေးထောင်ရှိသည် ဟု ၎င်းတို့က ဆိုသည်။

အချို့က ထိုအင်အားသည် ပိုပြောခြင်းဟု ယုံကြည်ကြသော် လည်း ပြီးခဲ့သည်လက ဝေးလံ ခေါင်သီသည့် မာဝန်ရွာ၌ ကျင်းပခဲ့သော ထိုအဖွဲ့၏ အောင်နိုင်ရေး အခမ်းအနားက ၎င်းတို့အဖွဲ့များသည် ရွာသားများ ၏ ထောက်ခံ အားပေးမှုကြောင့် ပိုအားကောင်း လာသည်ကို ပြသနေသည်။

ရှည်လျားမတ်စောက်သော လမ်းတွေအတိုင်း ခရီးနှင်လာခဲ့ သည့် ရာနှင့်ချီသော လူအုပ်စုက ထိုအခမ်းအနား ကို လာခဲ့ကြသည်။အေးစက်လှသော ဆောင်းလေကို စောင်များခြုံပြီး တပ်ဖွဲ့ ၆၅၀ ခန့်၊ လက်နက်များနှင့် ချီတက်လာ သည်ကို အလံအနီ၊ အစိမ်းများ ဝှေ့ယမ်းပြီး အားပေးခဲ့ကြသည်။

‘‘ကျွန်တော်တို့ လွတ်လပ် ရေးအတွက်၊ နိုင်ငံရေးအခွင့်အ ရေးအတွက် ကျွန်တော်တို့ ဆက် တိုက်နေမှာ ပဲ’’ဟု TNLA အထွေ ထွေအတွင်းရေးမှူး တားဖုန်း ကျော်က ပြောသည်။

ထို့အပြင် လွန်ခဲ့သော နှစ်ပေါင်း(၆၀) ကျော်က ဗိုလ်ချုပ်အောင်ဆန်းကတိပေးခဲ့သလို ဖက်ဒရယ် ပြည်ထောင် စုအဖြစ် မသေချာမချင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရှိမည်မဟုတ် ဟု ၎င်းကဆိုသည်။ ထိုအ ချက်ကသာ ၎င်းတို့ဒေသ၏ သဘာဝ ၀န်းကျင်ကို ဖျက်ဆီးပစ်ခဲ့သော တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကဲ့သို့ သဘာဝအရင်းအမြစ်များကို ၎င်း တို့ဘာသာ ကာကွယ်ထိန်းချုပ်ခွင့်ပေးမည် ဖြစ်သည်။ ထို့အပြင် ၎င်းတို့တပ် ဖွဲ့များကို ၎င်းတို့ဘာသာ ထိန်းချုပ်နိုင်ပြီး မူးယစ်ဆေးဝါး ပျံ့နှံ့ရောင်းဝယ်မှုကိုလည်း ထိန်း ချုပ်နိုင်မည်ဟု TNLA က ဆို သည်။

ရိုးရာဝတ်စုံများ ၀တ်ဆင် ထားသည့် ပလောင်အမျိုးသား များနှင့် အမျိုးသမီးများက ဘိန်း ဖြူ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကြွ ဆေးများကို လက်နက်ကိုင်အဖွဲ့ များက မီးရှို့သည့် အခမ်းအနား မှာ စမတ်ဖုန်းများဖြင့် ဓာတ်ပုံ ရိုက် နေကြသည်။ မီးခိုးတွေ မွှန်လာ သဖြင့် ကလေးများနှင့် ကိုရင်လေးများက နှာခေါင်းတွေကို အုပ်ထား ကြသည်။ ထို့အပြင် တိုက်ပွဲအ တွင်းမှာ မြန်မာစစ်သားများဆီ ကရခဲ့သော လက်နက်များကို လည်း အခမ်းအနားမှာ ခင်းကျင်း ပြသထားသည်။

တအောင်း(ပလောင်)အမျိုး သားလွတ်မြောက်ရေးတပ်က မြန်မာစစ်တပ်ကို ယခုကဲ့သို့ ပြန်လည်တိုက် ခိုက်သည်မှာ လေးနှစ် သာ ရှိပါသေးသည်။ သို့သော် လည်း ၁၉၆၂ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းကတည်း က ၎င်း တို့အနေဖြင့် ပညာရေး၊ လျှပ်စစ် မီးကအစ ခွဲခြားခံခဲ့ရသူများဖြစ် သဖြင့် ခါးသီးဝမ်းနည်းမှုများရှိခဲ့ သည်ဟု ဆိုသည်။

7 day

No comments:

Post a Comment

My Blog List