Thursday, February 12, 2015

သပိတ်မှောက် ကျောင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တွင် တွေ့





အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားပညာရေး ဥပဒေမူကြမ်းကို သပိတ်မှောက်နေသော ကျောင်းသား၊ ကျောင်သူများ နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နှင်းဆီး
စံအိမ်တွင် ဖေဖော်ဝါရီ ၁၂ရက် (ပြည်ထောင်စုနေ့) က တွေ့ဆုံခဲ့သည်။

ကျောင်းသားများက အမျိုးသား ပညာရေး ဥပဒေမူကြမ်းအပေါ် သဘောထား များ ဆွေးနွေးတင်ပြခဲ့ ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း အမျိုးသား ပညာရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ အကောင်ဆုံးဖြစ်ရန် မည်သို့ ဝိုင်းဝန်းဆောင် ရွက်ပေးရမည်ကို ကျောင်းသားများ၏ သဘောထားအား မေးမြန်းခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

ယင်းအပြင် ကျောင်းသားများ လိုအပ်သည့် အကူအညီများရှိပါကလည်း ဥပဒေပိုင်းရာကိစ္စများနှင့် ပတ်သက် ၍ အဓိကထား ကူညီသွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုဖြိုးမင်းသိန်းက မဇ္ဈိမကို ပြောသည်။

ကျောင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုကို ဖေဖော်ဝါရီ ၁၂ရက် နံနက် ၉နာရီ ၄၅ မိနစ်မှ ၁၂နာရီ ၁၅မိနစ်အထိ ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲသို့ သပိတ်မှောက် ကျောင်းသားများဘက်မှ ပုသိမ် နည်းပညာ တက္ကသိုလ် တတိယနှစ် IT ကျောင်းသား ကိုကျော်သက်၊ ပုသိမ် တက္ကသိုလ် အင်္ဂလိပ်စာ စတုတ္ထနှစ် ကျောင်းသူ မအိမွန်ပိုပို၊ ရန်ကုန်စီးပွားရေး တက္ကသိုလ် တတိယနှစ်ကျောင်းသား ကိုဇေယာလွင်၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် ဒုတိယနှစ် ကျောင်းသား ကိုရဲဇာနည်ထွန်း၊ မုံရွာ တက္ကသိုလ်မှ ကိုဝေမိုးနိုင်၊ ဒဂုံတက္ကသိုလ်ကျောင်းသား ကိုပိုင်ရဲသူ၊ ထားဝယ် နည်းပညာ တက္ကသိုလ်မှ ကိုမင်းလွင်ဦး၊ ဒဂုံတက္ကသိုလ်မှ ကိုနန်းလင်း၊ ပခုက္ကူ တက္ကသိုလ်မှ ကိုပြည့်ဖြိုးကျော်၊ မကွေး နည်းပညာ တက္ကသိုလ်မှ ကိုချစ်ဝင်းမောင်၊ ပြည်နည်းပညာ တက္ကသိုလ် ကိုသန့်ဇင်ထွန်းတို့ ပါဝင်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်မှ ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်စုစု လွင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေတို့ တက်ရောက်ဆွေးနွေး ခဲ့ကြသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List