Friday, February 13, 2015

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

 
ဝှိုက်ကတ်များ ပယ်ဖျက်လိုက်ခြင်းကြောင့် ရခိုင်ပြည်နယ်ရှိ ဝှိုက်ကတ်ကိုင်ဆောင်သူများအား မည်သို့ဖြေ ရှင်းဆောင်ရွက်မည်ကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် ဆက်သွယ်မေး မြန်းချက် ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
အမေး။ ။ ဝှိုက်ကတ် ပယ်ဖျက်လိုက်ပြီဆိုတော့ ရခိုင်မှာရှိတဲ့ ဝှိုက်ကတ် ကိုင်ဆောင်သူတွေကို ဘယ် လိုဆောင် ရွက်သွားမလဲ။

အဖြေ။ ။ ဝှိုက်ကတ်က သက်တမ်းကုန်သွားပြီဆိုတော့ ဇာတ်လမ်းပြတ်သွားတဲ့ သဘောပေါ့နော်။ အခုကျန် တဲ့ဟာ တွေကို Verification နဲ့ ဆက်သွားမလား။ ဘယ်လိုသွားမလဲဆို တာကိုတော့ နိုင်ငံတော်အနေနဲ့ပဲ စဉ်းစား မယ်ထင်ပါတယ်။ အခုတော့ပယ်ဖျက်တယ်ဆိုတဲ့ အဆင့်ပဲသိပြီးတော့ ကျန်တဲ့အပိုင်းကို ဂဃနဏ မသိရ သေးဘူး။

အမေး။ ။ ဝှိုက်ကတ်ကိုင်ဆောင်သူများက သူတို့ဟာ နိုင်ငံသားဖြစ်နိုင်တယ်လို့ ယူဆနေသလို ရခိုင်ဒေသခံ တချို့ကလည်း ဒီဝှိုက်ကတ်တွေကို ဘယ်လိုလုပ်မလဲ သိချင်နေကြတယ်ဆိုတော့ ဝှိုက်ကတ်ကိုင် ဆောင် သူတွေက နိုင်ငံသားဖြစ်လာနိုင်မလား။

အဖြေ။ ။ အဲလိုတော့ မဟုတ်ဘူးခင်ဗျ။ ဒီနိုင်ငံသား စစ်တယ်ဆိုတာ မစစ်ခင်မှာ ပုံစံ ၁ဝ တွေဘာတွေ၊ အိမ်ထောင်စု စစ်ပြီးတော့ သေချာအောင် ပထမ လုပ်ရဦးမယ်။ ပြီးမှ နိုင်ငံသားစစ်တာက နောက်တစ်ဆင့် ဆက်သွားရမယ့် သဘောရှိတယ်။ အခုဆိုရင် ဝှိုက်ကတ်သမားတွေကို မြေပုံတို့ဘာတို့မှာ စစ်တဲ့အခါမှာ လည်း တန်း ပေးတာမျိုး မဟုတ်ဘဲ မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် စနစ်တကျ ပြန်စစ် ရတာဖြစ် ပါတယ်။ ဝှိုက်ကတ်က တိုက်ရိုက်နိုင်ငံသားဖြစ်မှာ မဟုတ်ဘူး စိစစ်ပြီးတော့ ဥပဒေကြောင်းအရပဲ သွားမှာပါ။

အမေး။ ။ နိုင်ငံသားစိစစ်ခြင်း ကိစ္စတွေမှာ ဘာက အဓိက အခက်အခဲဖြစ်နေလဲ။

အဖြေ။ ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းပဲ။ ဒီအသုံးအနှုန်း ရှိနေတာကိုက ရခိုင်ပြည်နယ်အတွက် ဆူး တစ်ချောင်းလို ဖြစ်နေတယ်။ ဘယ်သူကမှ လက်မခံဘူး ဘယ်မှာမှလည်း ရှိမနေဘူး။ ဒါကိုလာသမျှ နိုင်ငံခြား သားတွေကလည်း ဒီအသုံးအနှုန်းကို သုံးပြီးနေတာက ဒီမှာရှိတဲ့လူတွေကို မြှောက်ပေးနေ သလိုဖြစ်နေ တယ်။ ဒီအသုံးအနှုန်းကို သုံးတာဟာ ရခိုင်ပြည်နယ်ကို ကူညီတာမဟုတ်ဘူးလို့ပဲ ပြောရမယ်။

အမေး။ ။ ဝှိုက်ကတ်ပယ်ဖျက်မှုကို ဝှိုက်ကတ်ကိုင် ဆောင်ထားတဲ့သူတွေက လက်မခံဘဲဆူ ပူမှုတွေဖြစ်လာ ရင် ဘယ်လိုဖြေရှင်းမလဲ။

အဖြေ။ ။ စိုးရိမ်စရာ မရှိပါဘူး။ လုံခြုံရေးနဲ့ ပတ်သက်ရင် တပ်မတော်အခန်းကဏ္ဍ၊ နယ်ခြားစောင့်ရဲ အားလုံး ကရှိတယ်။ အားလုံးကလည်း ထိန်းသိမ်းနေတဲ့အတွက် ဒီလိုကိစ္စတွေဟာ ဖြစ်လာစရာအကြောင်း မရှိပါဘူး။ ဒါပေမဲ့ ယုံကြည်မှုတွေက အချိန်ကြာလာတာနဲ့အမျှ လျော့ရဲနိုင်တဲ့အတွက် စိစစ်မှုတွေကို မြန်မြန်ဖြေရှင်းလေ ပိုကောင်းလေဆိုတာ တွေ့ရတာပေါ့နော်။

အမေး။ ။ ဝှိုက်ကတ် ပယ်ဖျက်လိုက်ပေမယ့် ရခိုင် တိုင်းရင်းသားတွေက ဆန္ဒထုတ်ဖော်မှု ရပ်မယ်လို့ မဆုံးဖြတ်သေးဘူးဆိုတော့ တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ဖြစ်လာရင် ဘယ်လိုမျိုး ထိန်းချုပ်သွားမလဲ။

အဖြေ။ ။ သမ္မတကြီးရဲ့ သဝဏ်လွှာမှာပါသလို နိုင်ငံမှာ ဘယ်လိုပြဿနာမျိုးမဆို ပေါင်းစပ်ညှိနှိုင်းတဲ့နည်းနဲ့ အဖြေရှာ ရမှာပေါ့နော်။ ရခိုင်ပြည်သူတွေရဲ့ ပုံသဏ္ဌာန်က အရင်လို မဟုတ်တော့ပါဘူး။ တည်ငြိမ်မှုလည်း မပျက်၊ လုံခြုံမှုလည်းမပျက်ဘဲ ပြည်သူတွေလည်း မိမိရဲ့ဆန္ဒကို ဥပဒေ ဘောင်အတွင်းက ရအောင်ယူကြ မှာ ဖြစ်ပါတယ်။ ရခိုင် တိုင်းရင်းသားတွေအနေနဲ့ တည်ငြိမ်မှု၊ လုံခြုံမှုကို ထိန်းသိမ်းနိုင်တဲ့ အခြေအနေ မျိုး ရောက်နေပြီ လို့ ယူဆပါတယ်။

အမေး။ ။ ရခိုင်ဟာ အမျိုးသားရေး ရှေ့တန်းတင်တဲ့ တိုင်းရင်းသားတွေအဖြစ် ယူဆကြတယ်။ ဒါကို ဘယ်လို သဘောထားရှိပါသလဲ။

အဖြေ။ ။ ဒီသဘောသဘာဝကတော့ လူမျိုးတိုင်း လူမျိုးတိုင်းမှာရှိတယ်။ ဗမာလူမျိုး ကရင် လူမျိုးရှိကြတာပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာကျတော့ တိုင်းရင်းသားအားလုံး ပေါင်းစည်းတဲ့နိုင်ငံဖြစ်တဲ့အတွက် မိမိဒေသ မိမိလူ မျိုးအတွက် အပြည့်အဝရှိရမှာဖြစ်သလို တိုင်းရင်းသား အားလုံးပေါင်းစုထားတဲ့ ပြည်ထောင်စု နိုင်ငံတော် စိတ်ဓာတ်မျိုးလည်း ရှိသင့်ပါတယ်။ အမျိုးသားရေး စိတ်ဓာတ်ကိုတော့ အမြင့်ဆုံးမှာ ထားရမယ်။ နိုင်ငံတော် စိတ်ဆိုတာကိုလည်း ပေါင်းစပ်ထားရင် ပိုပြီးသင့်မြတ်မယ်လို့ ထင်ပါတယ်။

အမေး။ ။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့တွေရဲ့ အစီရင်ခံစာမှာ ဘင်္ဂါလီဒုက္ခသည်တွေဟာ လူ့အခွင့်အရေး မရဘူးလို့ ရေးသားကြတယ်။ ဒါကို ဘယ်လိုတုံ့ပြန်ချင်သလဲ။

အဖြေ။ ။ အဲဒီလာတဲ့အဖွဲ့တွေက လာကြည့်ရင် ဘင်္ဂါလီစခန်းတွေပဲကြည့်ပြီး ပြန်သွားကြတာဗျ။ ကိုယ့်တိုင်း ရင်းသား တချို့ရွာတွေဆိုရင် ဘင်္ဂါလီ အိုင်ဒီပီထက်တောင်နိမ့်တဲ့ နေရာတွေရှိတယ်။ ဘင်္ဂါလီစခန်းသွားရင် ဘာမှမရှိဘူးလို့ လျှောက်ပြောနေတာ။ ကိုယ့်ရွာတွေ သွားကြည့်လိုက် ပိုတောင်ဆိုးနေတာဗျ။ လူသားချင်းစာ နာတယ်၊ လူ့အခွင့်အရေးဆိုရင် ရခိုင်တစ်ပြည်နယ်လုံးကို ကြည့်သင့်တယ်။ ။

ကေဇူး တွေ့ဆုံ မေးမြန်းသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List