Friday, February 13, 2015

မြန်မာ-ထိုင်းအချစ်အက်ရှင်ဇာတ်ကားမှာ ပါဝင်ခွင့်ရလို့ စိတ်လှုပ်ရှားနေတဲ့ ရွှေသမီး


ထိုင်းနှင့် ဖက်စပ်ရိုက်ကူးမည့် အချစ်အက်ရှင်ရုပ်ရှင် ဇာတ်ကားကို ပထမဆုံးရုပ်ရှင်ကားအဖြစ် သရုပ်ဆောင် ရွှေသမီးပါဝင်မည်ဟု သတင်းရရှိသည်။ ထိုင်းနိုင်ငံမှ ဒါရိုက်တာက ရိုက်ကူးမည်ဖြစ်ပြီး ထိုင်းမင်းသမီး နှင့်အတူ မြန်မာ သရုပ်ဆောင် ပြေတီဦးလည်း ပါဝင်မည် ဖြစ်သည်။
၎င်း၏ ပထမဆုံးရုပ်ရှင်ကား အဖြစ် ထိုင်းနိုင်ငံနှင့် ဖက်စပ်ရိုက် ကူးခွင့်ရသည့် အတွက် အလွန်စိတ်လှုပ် ရှားနေကြောင်း ရွှေသမီး က ပြောသည်။

‘‘ဒီကားမှာ သရုပ်ဆောင်ဖြစ် တာက ကိုပြေတီဦးကနေ ဆက် သွယ်လာတာပါ။ ကာရိုက်တာကတော့ ကိုပြေတီရဲ့ ညီမနေရာက နေ သရုပ်ဆောင်ရမှာပါ။ ညီမက ထိုင်းမှာ သွားရိုက်မယ့် အခန်းမပါ ဘူး။ ညီမပါတဲ့ အခန်းတွေက ဒီမှာပဲ ရိုက်သွားမှာပါ’’ဟု ဇာတ်ကား နှင့် ပတ်သက်၍ ရွှေသမီးက ရှင်းပြသည်။

လက်ရှိတွင် မည်သည့်ရိုက် ကူးရေးမှ မရှိသေးဘဲ ဖေဖော်ဝါရီ ၂၀ မှ ၂၄ ရက်အထိ ယင်းရုပ်ရှင် ဇာတ်ကား ရိုက်ကူးရမည်ဖြစ်ပြီး နောက်ပိုင်းမှစ၍ ၎င်းတို့ အနုပညာပျိုးခင်း (၂) မှ သရုပ်ဆောင် သုံးဦးနှင့်အတူ သရုပ်ဆောင် ခန့် စည်သူ၊ နေတိုးတို့နှင့် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးမည်ဟု ဆိုသည်။

7Day News Journal

No comments:

Post a Comment

My Blog List