Thursday, February 12, 2015

ဗိုလ်ချုပ်ကို ဂုဏ်ပြုလိုပါက ဒီမိုကရေစီအရေးတော်ပုံ အောင်မြင်ရေး ကျရာအခန်းကဏ္ဍမှ ပီပြင်စွာဆောင်ရွက်ရန် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး ပြောကြား





ဗိုလ်ချုပ်အောင်ဆန်း အား သတိတရချစ်ခင်မှုဖြင့် ဂုဏ်ပြုလိုပါက မပြီးဆုံးသေးသည့် ဒီမိုကရေစီအရေးတော်ပုံကြီး အား အောင်မြင်ပြီးမြောက်စွာ ထမ်းဆောင်နိုင်ရန် မိမိတို့အားလုံးတွင် တာဝန်ရှိသဖြင့် ကျရာအခန်းကဏ္ဍမှ ပီပြင် စွာဆောင်ရွက်သွား ရန်လိုကြောင်း လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးက ပြောကြားလိုက်သည်။

ယခုလ ၁၁ ရက်တွင် ပြည် ထောင်စုလွှတ်တော်၌ ပထမဆုံး အကြိမ် နိုင်ငံတော်အဆင့်အခမ်း အနားအဖြစ် ပြုလုပ်သည့် ဗိုလ် ချုပ်အောင်ဆန်းနှစ် (၁၀၀)ပြည့် ဂုဏ်ပြုအခမ်းအနားတွင် လွှတ် တော်ဥက္ကဋ္ဌနှစ်ဦးဖြစ်သည့် သူရ ဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်တို့ က အမှာစကားပြောကြားရာ၌ အထက်ပါအတိုင်းထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘ဗိုလ်ချုပ်နှစ် (၁၀၀)ပြည့်ကို သတိရဂုဏ်ပြုတဲ့ အချိန်ကာလ အတွင်း ဗိုလ်ချုပ်ရဲ့ ဒီမိုကရေစီ ပြည်ထောင်စုအိပ်မက်များ အ ကောင်အထည်ဖော်နိုင်ရေးအတွက် ကျွန်တော်တို့အားလုံးဟာ ကျရာအခန်းကဏ္ဍမှ ကိုယ်စီ ကိုယ်ငပါဝင်ထမ်းဆောင် ကြဖို့ လိုပါ တယ်’’ဟု ပြည်ထောင်စုလွှတ် တော်နာယကတာဝန်ထမ်းဆောင်နေသူလည်း ဖြစ်သူ သူရဦးရွှေမန်းက ဆို သည်။ မြန်မာနိုင်ငံသား အားလုံး၏ ရင်ထဲတွင် ဗိုလ်ချုပ်ဟု ဆိုလိုက်သည်နှင့် အထူးတလည် ဂုဏ်ပုဒ်တပ်စရာမလိုဘဲ ဗိုလ်ချုပ် အောင်ဆန်းကို မြင်ယောင်ပုံဖော် လိမ့်မည်ဖြစ်ကာ ဗိုလ်ချုပ်သည် နိုင်ငံပိုင်ဖြစ်ကြောင်း သူရဦးရွှေမန်း က ပြော သည်။

‘‘ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေဟာ သူတို့ခေတ် ရဲ့ တာဝန်ဖြစ်တဲ့ လွတ်လပ်ရေး ရရှိဖို့ကို အောင်မြင် ပြီးမြောက် အောင် ထမ်းဆောင်ရင်း အသက် ပေးသွားခဲ့ကြပါပြီ။ ကျွန်တော်တို့ အနေနဲ့လည်း ခေတ်ရဲ့ တာဝန်ဖြစ်တဲ့ ဒီမိုကရေစီအရေးတော်ပုံကြီး ကို အောင်မြင်ပြီးမြောက်အောင် ထမ်းဆောင်ကြပါစို့’’ဟု အမျိုး သားလွှတ်တော်ဥက္ကဋ္ဌ ဦးခင် အောင်မြင့်က ပြောသည်။

ယခုကဲ့သို့ ဗိုလ်ချုပ်နှစ် (၁၀၀)ပြည့်အခမ်းအနားကို လွှတ်တော်တွင် နိုင်ငံတော်အဆင့်အဖြစ် ခမ်းနားထည်ဝါစွာကျင်း ပနိုင်ခြင်းသည် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ တိုက်တွန်းမှုကြောင့် ဖြစ်ကြောင်း ပြည် ထောင်စု လွှတ်တော် နာယကက သူရဦးရွှေမန်းက ဆိုသည်။

‘‘ဖေဖေရဲ့ နှစ် ၁၀၀ ပြည့်ကို ဒီလိုခမ်းခမ်းနားနားလုပ်ပေးလို့ ကျေနပ်ပါတယ်’’ဟု ဗိုလ်ချုပ် အောင်ဆန်း၏ သမီးဖြစ်သူ ပြည် သူ့လွှတ်တော်တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဖေဖော်ဝါရီ ၁၁ ရက်တွင် ကျင်းပပြုလုပ်သည့် ဗိုလ်ချုပ်ရာ ပြည့်အခမ်းအနားသို့ အစိုးရအဖွဲ့ ၀င် ၀န်ကြီးများ၊ တပ်မတော်မှ ညှိ နှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးလှဋ္ဌေးဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်အစရှိသည့် မဏ္ဍိုင် ၃ရပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ သည်။

7Day News Journal

No comments:

Post a Comment

My Blog List