မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်ကို နိုင်ငံတကာခုံရုံးတင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တောင်းဆို ထားတာနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ တုန့်ပြန်မှုတွေ ခံရနိုင်တယ်လို့ မြောက်ကိုရီးယား စစ်တပ်က သတိပေး လိုက်ပါတယ်။
အရင်တစ်ပါတ်က ပြုလုပ်ခဲ့တဲ့ လူ့အခွင့်အရေး ကော်မတီ အစည်းအဝေး အတွင်း မြောက်ကိုရီးယား အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားများအပေါ်ကျူးလွန်တဲ့ ပြစ်မှု ကျရောက် နိုင်တဲ့အတွက် နိုင်ငံတကာခုံရုံးမှာ ခေါ်ယူစစ်ဆေးဖို့ ကုလသမဂ္ဂကို တိုက်တွန်းကြတာ ဖြစ်ပါတယ်။
အဲဒီအဆိုကို ဂျပန်နဲ့ ဥရောပ သမဂ္ဂတို့က တင်သွင်းပြီး နိုင်ငံပေါင်း ၆၀ ကလည်း သဘောတူကြတာ ဖြစ်ပါတယ်။
ဒီလိုတိုက်တွန်းချက်ကို မြောက်ကိုရီးယားက ရှုံ့ချလိုက်ပြီး ဒီလို ဆက်လက်ပြောဆိုမယ်ဆိုရင် နောက်ထပ် နျူကလီးယား စမ်းသပ်မှုတွေ ပြုလုပ်သွားမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
ဒီလို ပြောဆိုမှုတွေဟာ မြောက်ကိုရီးယားနိုင်ငံအပေါ် စစ်ရေးကြေငြာလိုက်တာနဲ့ အတူတူပဲလို့ ပြောပါ တယ်။
တဆက်တည်းမှာပဲ မြောက်ကိုရီးယားကသာ တိုက်ခိုက်လာမယ်ဆိုရင် တောင်ကိုးရီးယား သမ္မတအသက် ကိုပါ ထိခိုက်နိုင်ပြီး ဂျပန်နိုင်ငံကိုလည်းး မြေပုံကနေ ဖယ်ထုတ်ပစ်နိုင်တယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
ABC
No comments:
Post a Comment