Monday, November 24, 2014

အီရန်နျူအပေါ် မျှော်လင့်ချက်ထားကြ


သြစတီးယားနိုင်ငံရဲ့ ​မြို့တော် ​Vienna ​မြို့မှာ ​အီရန်နိုင်ငံရဲ့ ​နျူကလီးယား အကြောင်းကို ​ဆွေးနွေးနေကြပြီး ​သိသာထူးခြားတဲ့ ​ရလဒ်တွေ ​ထွက်ရှိနိုင်တယ်လို့ ​မျှော်လင့်နေကြပါတယ်။ ကုလသမဂ္ဂလုံခြုံရေး ​ကောင်စီရဲ့ ​အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ​ဗြိတိန်၊ ​တရုတ်၊ ​ပြင်သစ်၊ ​ရုရှားနဲ့ ​အမေရိကန်အပြင် ​အမြဲတမ်းအဖွဲ့ဝင် ​မဟုတ်တဲ့ ​ဂျာမနီကလည်း ​အီရန်နိုင်ငံနဲ့ ​အီရန်နျူကလီးယားအရေးကို ​ဆွေးနွေးကြတာ ​ဖြစ်ပါတယ်။

ဒီကနေ့မှာပဲ ​အပြီးသတ် ​ဆွေးနွေးမှုတွေ ​ပြုလုပ်ရမှာဖြစ်ပြီး ​အီရန်နိုင်ငံ ​ကိုယ်စားလှယ်က ​သဘောတူညီမှု ​ရရှိနိုင်မှာ ​မဟုတ်ဘူးလို့ ​ပြောဆိုတဲ့အတွက် ​မျှော်လင့်ချက် ​မရှိတော့ဘူးလို့ ​ယူဆခဲ့ကြတာ ​ဖြစ်ပါတယ်။

ဒါပေမဲ့ ​ရုရှားနိုင်ငံခြားရေးဝန်ကြီး ​Sergei ​Lavrov ​က ​ဒီဆွေးနွေးမှုမှာ ​ပါဝင်ဖို့ ​ရှိတဲ့အတွက် ​ဒီဆွေးနွေးမှု အတွင်း ​သဘောတူညီမှု ​ရရှိနိုင်တယ်လို့ ​မျှော်လင့်ကြတာ ​ဖြစ်ပါတယ်။

ဒီဆွေးနွေးမှုအတွင်း ​အီရန်နိုင်ငံရဲ့ ​နျူကလီးယားတွေကို ​စွမ်းအင်အတွက်သာ ​အသုံးပြုဖို့ ​လိုလားနေကြ တာဖြစ်ပါတယ်။

အီရန်ကလည်း ​သူတို့အနေနဲ့ ​နျူကလီးယားဗုံးတွေ ​ထုတ်လုပ်ဖို့ ​ဆန္ဒမရှိဘူးလို့ ​ပြောဆိုနေပေမယ့် ​နျူကလီးယားလက်နက်တွေ ​ထုတ်လုပ်ပေးမယ့် ​ယူရေနီယံဓာတ်သတ္တု ​စုဆောင်းမှုတွေ ​များလာတဲ့အပေါ် ​စိုးရိမ်မကင်း ​ဖြစ်နေကြပါတယ်။

ဒီဆွေးနွေးမှုကို ​နောက်ရက်တွေအထိ ​ဆက်လက် ​ပြုလုပ်နိုင်တယ်လို့လည်း ​မျှော်လင့်နေကြတဲ့အကြောင်း ​ဖိလစ်ဝီလီယံက ​သတင်းပေးပို့ထားပါတယ်။

အစ္စရေးနိုင်ငံကတော့ ​သေချာစွာ ​ဆွေးနွေးပြီး ​ကောင်းမွန်တဲ့ ​သဘောတူညီမှု ​ရဖို့ ​မျှော်လင့်ကြောင့် ​ကမ္ဘာအတွက် ​ကောင်းမွန်တဲ့ ​သဘောတူညီမှု ​မရဘူး ဆိုရင် ​အီရန်နိုင်ငံနဲ့ ​ဆွေးနွေးမှုဟာ ​သမိုင်းရဲ့ ​အမှားကြီးတစ်ခု ​ဖြစ်သွားမယ်လို့ ​ပြောခဲ့ပါတယ်။

ABC

No comments:

Post a Comment

My Blog List