ဟောင်ကောင်အပေါ် နိုင်ငံရေးအရ ထိန်းချုပ်မှု ပိုမိုပြုလုပ်လာသည့် တရုတ်အစိုးရ အား ဆန့်ကျင်သည့် အနေဖြင့် Occupy Central တက်ကြွလှုပ်ရှားသူများအဖွဲ့မှ လူ ၄၀ ခန့်က ကတုံးရိတ် ဆန္ဒပြလှုပ်ရှားမှု တစ်ခုကို စက်တင်ဘာ ၁၃ ရက်တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဘုရားရှိခိုးကျောင်းတစ်ခုအတွင်း ပြုလုပ်သည့် အဆိုပါလှုပ်ရှားမှုကို တရုတ်ထောက်ခံသူများက လာ ရောက် လှောင်ပြောင်
နှောက်ယှက်မှုများလည်း ဖြစ်ပွားခဲ့ရာမှ အပြန်အလှန် တိုက်ခိုက်ခဲ့ကြပြီး တစ်ဦး ဒဏ်ရာရရှိကာ တစ်ဦးကို ရဲများက ဖမ်းဆီး သွားသည်။
ဟောင်ကောင်အုပ်ချုပ်ရေးမှု ရွေးချယ်ရာတွင် အမည်စာရင်း လွတ်လပ်စွာ တင်သွင်းခွင့်ပြုရေးအတွက် ဒေသခံတို့၏ တောင်း ဆိုမှုအပေါ် တရုတ်အစိုးရက ပယ်ချခဲ့သောကြောင့် Occupy Central လှုပ်ရှားမှုအဖွဲ့က ဆန္ဒပြမှုများ ပြုလုပ်နေခြင်းဖြစ် သည်။
Occupy Central အဖွဲ့အား ထူထောင်သူများတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ဘန်နီတိုင်းက “ပေကျင်း အစိုးရရဲ့ ဆုံးဖြတ်ချက် အပေါ် သဘောမတူကြောင်း ပြသဖို့ အခုလို ဆန္ဒပြလှုပ်ရှားခြင်းဖြစ်ပါတယ်။ သည့်ထက် ပိုမိုအရေးကြီးတဲ့ ဆန့်ကျင်ကန့် ကွက်မှုတွေကို လုပ်ဆောင်သွားဖို့လည်း ဆုံးဖြတ်ထားပါတယ်” ဟု သတင်းထောက်များအား ပြောကြားသည်။
၂၀၁၇ ခုနှစ်တွင် ဟောင်ကောင်အုပ်ချုပ်ရေးမှူးရွေးချယ်ရာ၌ တရုတ်အစိုးရက ခန့်အပ်ထားသည့် ကော်မတီက အမည် စာရင်းတင်သွင်းထား သူများ ကိုသာ ရွေးချယ်ခွင့်ရှိကြောင်း ကြေညာချက်ကို ဆန့်ကျင်သည့်အ နေဖြင့် ကျောင်းသား အဖွဲ့ အစည်းများကလည်း စက်တင်ဘာ ၂၂ ရက်မှစ၍ တစ်ပတ်ခန့် ကျောင်းတက် မည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။
Ref:AFP
Mizzima - News in Burmese
No comments:
Post a Comment