အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ သြဂုတ် ၂၄ ရက်နေ့ မနက်အစောပိုင်းက ငလျင်လှုပ်ခဲ့လို့ လူအယောက် ၈၀ ကျော် ဒဏ်ရာရပြီး သမိုင်းဝင်အဆောက်အဦ တချို့ ပျက်စီးခဲ့ပါတယ်။ဒေသတွင်း နှစ် အစိတ်အတွင်းမှာ အပြင်းဆုံး အဖြစ် ရစ်ခ်ျတာစကေး ၆ အဆင့်ရှိတဲ့ ငလျင်ဟာ ဆန်ဖရန်စစ္စကို ပင်လယ်အော် ဒေသကို လှုပ်ခတ်ခဲ့တာပါ။
အာဏာပိုင်တွေက အပျက်အစီးတွေကို စစ် တမ်းကောက်ဆဲ ဖြစ်ပြီး ၀ိုင်ချက်ရာမှာ နာမည်ကြော်ကြားတဲ့ နာပါဒေသမှာ မီးလောင်မှု တချို့ အစီရင်ခံထားပါတယ်။
ဒေသခံ ရုပ်သံကတော့ ပျက်စီးနေတဲ့ အဆောက်အဦတွေနဲ့ ကားတွေရဲ့ ပုံတွေကို ပြသထားပါတယ်။
ငလျင်အပြီး မြေပြင်တုန်ခါမှုတွေကတော့ လာမယ့်ရက်သတ္တပတ် အတော်များများမှာ ဆက်လက်လှုပ်ခတ် နေနိုင်ပါတယ်။
DVB

No comments:
Post a Comment