လူမှုကူညီထောက်ပံ့ရေး ပရဟိတသံတမန်အဖြစ် ဝါဆိုမိုးဦးကို ရွေးချယ်ခဲ့သည်ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံ တွင် နှစ်စဉ် ကျင်းပလျက် ရှိသည့် ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲတွင် လူမှုကူညီထောက်ပံ့ရေး ပရဟိတ သံတမန် အဖြစ် ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲက ဝါဆိုမိုးဦး ကိုရွေးချယ် ခဲ့ခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်တွင်ကျင်း ပမည်ဖြစ်သည်။
ဝါဆိုမိုးဦးက " မနှစ်က ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲ ဖွင့်ပွဲမှာ မာရသွန်ပြိုင်ပွဲကို ဖွင့်ပေးခဲ့တယ်။ ဒီနှစ် သံတမန်လုပ်ဖို့ အားလုံးက ကမ်းလှမ်းတာနဲ့ လုပ်ဖြစ် သွားတာ။ အကုန်လုံးနဲ့လည်း ခင်နေတယ်လေ။ ဝါဆို အနုပညာ သက်တမ်း ငါးနှစ်ကျော်ပါပြီ။ ငါးနှစ်ကျော် ကာလအတွင်းမှာ ပထမဆုံး သံတမန် ခန့်အပ်ခံ ရခြင်းဖြစ်လို့ အတိုင်းမသိ ဝမ်းသာပါ တယ်။ ရိုးမ-ရန်ကုန် မာရသွန်အဖွဲ့နဲ့အတူ လှုပ်ရှားမှုတိုင်းကို ပါဝင်ဆောင်ရွက် သွားမှာပါ" ဟု၎င်းကပြောသည်။
လူမှု ကူညီ ထောက်ပံ့ရေး ပရဟိတ သံတမန်အဖြစ် ဝါဆိုမိုးဦး၊ ဒေါ်ဆွေဇင်ထိုက်၊ Strategy First Institute တည်ထောင် သူ တစ်ဦးဖြစ်သည့် ACK & Service Company ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ချစ်ခင်၊ Me N Ma Girls အဖွဲ့မှ လုံဆစ်ဂျမွန်း (အမွန်း) တို့ကိုရွေးချယ် ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပြိုင်ပွဲကို First Myanmar Investment (FMI) နှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ တို့ ပူးပေါင်း စီစဉ်ကျင်းပ ခဲ့ခြင်းဖြစ်သည်။ အပြည်ပြည် ဆိုင်ရာမှ ပြိုင်ပွဲဝင် လိုသူများအနေဖြင့် www.yomayangonmarathon.com စာရင်းပေးသွင်းနိုင်ပြီး ပြည်တွင်းမှ ပြိုင်ပွဲဝင်လိုသူများ အနေဖြင့် FMI စင်တာ အမှတ် (၃ဝ၈)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းဘဲတန်းမြို့နယ်သို့ လူကိုယ်တိုင် လာရောက် စာရင်းသွင်းရမည်ဟု First Myanmar Investment (FMI) မှ ဥက္ကဋ္ဌ ဦးသိန်းဌေး ကပြောသည်။
မာရသွန်ပြိုင်ပွဲ၏ အစမှတ်နှင့် အဆုံးမှတ် နေရာများအဖြစ် သုဝဏ္ဏအားကစား ကွင်းအတွင်း သတ်မှတ်ကာ ရန်ကုန်မြို့၏ ထင်ရှားကျော်ကြားသည့် နေရာ များဖြစ်သည့် ရွှေတိဂုံဘုရား၊ ဗိုလ်တစ်ထောင်ဘုရားနှင့် အင်လျားကန် တို့သည် မာရသွန် အပြေးလမ်းကြောင်းတွင် ပါဝင်မည် ဖြစ်သည်ဟု ၎င်းကပြောသည်။
Mizzima - News in Burmese
No comments:
Post a Comment