Friday, August 29, 2014

နိုင်ငံတကာမှာ ယှဉ်ပြိုင်ဖို့ ကိုယ်ရေးရာဇ၀င်ကောင်းရမယ်ဆိုတဲ့ ခင်နန်းထိုက်


နောက်တက်လာမယ့် မော်ဒယ်အသစ်လေးတွေ နိုင်ငံတကာကို သွားရောက် ယှဉ်ပြိုင်မယ်ဆိုရင် အရည် အချင်းပြည့်ဖို့အပြင် ကိုယ်ရေးရာဇ၀င်ကောင်းဖို့ လိုတယ်လို့ မော်ဒယ်ခင်နန်းထိုက်က ဆိုလိုက်ပါတယ်။

“နိုင်ငံတကာသွားရောက်ယှဉ်ပြိုင်မယ်ဆိုရင် ပထမဦးဆုံးကအလှအပပေါ့။ မိန်းကလေးတစ်ယောက်က လှပရမယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုရှိရမယ်။ အရပ်အမောင်း ပြီးတော့အသားအရည်၊ ပြီးတော့ ကိုယ်ရေး ရာဇ၀င်ကောင်း ရမယ်။ အင်္ဂလိပ်ကောင်းရမယ်။ ကိုယ်က အရည်အချင်းတွေ အများကြီးလို အပ်ပါတယ်။ ဒါတွေက အခြေခံ လိုအပ်ပါတယ်”လို့ ခင်နန်းထိုက်ကဆိုပါတယ်။

Miss ပြိုင်ပွဲများလာတဲ့အတွက် ကိုယ့်နိုင်ငံက အရည်အချင်းပြည့်ဝပြီး လှပတဲ့မိန်းကလေးတွေကို ကမ္ဘာကို ပြသနိုင်တာကြောင့် နိုင်ငံအတွက် ဂုဏ်ယူစရာကောင်းတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Miss တွေနဲ့ သူတို့ အေဂျင်စီတွေကြားက ပြဿနာတွေကြောင့် နိုင်ငံအတွက် နာမည်ပျက် စရာဖြစ်တယ်လို့ သူကဆိုပါတယ်။

“တတ်နိုင်ရင်တော့ သူတို့ အချင်းချင်းဘာမှမဖြစ်ရင်တော့ ကိုယ့်နိုင်ငံလည်း နာမည်မပျက်ဘူး။ အနုပညာ လောကထဲကို စ၀င်တဲ့အချိန် အစ်မတို့တုန်းက ဒီလို Miss ပြိုင်ပွဲတွေမရှိဘူး။ မော်ဒယ်တွေကို ဦးစားပေးတဲ့ ဟာမျိုးတွေလည်းမရှိဘူး။ အဲဒီအတွက်အများကြီးကြိုးစားခဲ့ရပါတယ်”လို့  ခင်နန်းထိုက်က ဆိုပါတယ်။

ဟန်ထွန်းနဲ့ ၀ိုင်းစုခိုင်သိန်းတို့ သီချင်းကို MTV ရိုက်တာကနေ သူ့ကို ပရိတ်သတ်တွေက သတိထားမိလာ တာလို့ ဆိုပါတယ်။ မော်ဒယ်တစ်ယောက် အဖြစ် ရပ်တည်လာရာကနေ ဗီဒီယိုရုပ်ရှင်တွေ ရိုက်ကူးလာ တာဖြစ်ပြီး လက်ရှိမှာတော့ ဇာတ်ကား ၆ ကားလောက်ရိုက်ပြီးသွားပြီလို့ ဆိုပါတယ်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List