Friday, August 29, 2014

ယူကရိန်းဝန်ကြီးချုပ်ဟောင်းက နိုင်ငံတွင်း စစ်အုပ်ချုပ်ရေး ထုတ်ပြန်ရန် တောင်းဆို


ယူကရိန်းဝန်ကြီးချုပ်ဟောင်း ယူလီယာ တီမိုရှန်ကိုက နိုင်ငံအတွင်း စစ်အုပ်ချုပ်ရေး ထုတ်ပြန်ဖို့ သြဂုတ်လ ၂၈ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် ယူကရိန်းဟာ စစ်ရေးအကူအညီကို နိုင်ငံတကာ လူ့အဖွဲ့ အစည်းဆီက တောင်းသင့်တယ်လို့လည်း ပြောပါတယ်။

ရုရှဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်းက သူပုန်တွေကို လက်နက်တွေ ထောက်ပံ့နေတယ်လို့ စွပ်စွဲခဲ့ဖူးတဲ့ ယူကရိန်းအစိုးရက ခုတော့ ရုရှတပ်တွေနိုင်ငံထဲ ဝင်လာပြီလို့ ပြောပါတယ်။

“ရုရှတပ်တွေ ယူကရိန်းပိုင်နက်ထဲ ဝင်လာလို့ ရုရှက ကျောထောက်နောက်ခံ ပေးထားတဲ့ ခွဲထွက်ရေး သမားတွေက နိုင်ငံအရှေ့ပိုင်းက အဓိက မြို့ကို သိမ်းခဲ့လို့ စစ်ရေးပဋိပက္ခတွေ ပိုဆိုးလာနေတယ်”လို့ ယူကရိန်းသမ္မတပေထရို ပိုရိုရှန်ကိုက သြဂုတ်လ ၂၈ ရက်နေ့က ပြောပါတယ်။

“ကာကွယ်ရေးခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ တူရကီနိုင်ငံကိုသွားမယ့် ခရီးစဉ်ကိုလည်း ဖျက်သိမ်း လိုက်ပါတယ်။ နေတိုး စစ်ဘက်အရာရှိ တယောက်ကတော့ ရုရှစစ်သည် အယောက် ၁ ထောင်ကျော်ဟာ ယူကရိန်းနိုင်ငံထဲမှာ စစ်ဆင်ရေးလုပ်နေတယ်လို့ ကျနော်တို့ သိထားတယ် သူတို့ဟာ ခွဲထွက်ရေးသမားတွေ နဲ့ အတူတိုက်ရင်း ထောက်ပံ့ပေးနေတယ်”လို့ ပြောပါတယ်။

ရုရှကတော့ ရုရှလိုလားတဲ့ သူပုန်တွေနဲ့ ယူကရိန်းစစ်တပ်ကြား ပဋိပက္ခမှာ ပါဝင်စွက်ဖက်မှု မရှိဘူးလို့ ပြောပါတယ်။ ယူကရိန်းပဋိပက္ခအတွင်း လူအယောက် ၂၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List