Thursday, August 28, 2014

ယူအန်အက်ဖ်စီ ညီလာခံ ရက်တိုးဆွေးနွေးနိုင်


ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ညီလာခံကို သတ်မှတ်ရက် အတွင်း ပြီးအောင် မကျင်းပနိုင်ဘဲ ရက်တိုးဆွေးနွေးနိုင်ဖွယ် ရှိတယ်လို့ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ က ပြောပါတယ်။

ဒီနေ့ ကျင်းပတဲ့ ညီလာခံမှာတော့ ဖက်ဒရယ်တပ်မတော်ကိစ္စနဲ့ ထိပ်သီးခေါင်းဆောင်သစ် ပြန်လည်ရွေးချယ် ဖို့ စတဲ့ ကိစ္စတွေ အဓိကထား ဆွေးနွေးကြဖို့ရှိပါတယ်။

ယူအန်အက်ဖ်စီရဲ့ ပထမဆုံးအကြိမ် ကျင်းပတဲ့ ညီလာခံကို အဖွဲ့ဝင် ၁၂ ဖွဲ့အပြင် အထူး ဖိတ်ကြားထားတဲ့ နိုင်ငံရေးအင်အားစု ၅ ခုက ကိုယ်စားလှယ်တွေ အပါအ၀င် ကိုယ်စားလှယ် ပေါင်း ၁၀၀ လောက် တက်ရောက်ဆွေးနွေးနေကြ ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သြဂုတ် ၂၅ ရက်ကစလို့ ၄ ရက် ကြာကျင်းပနေတဲ့ ညီလာခံအတွင်း ဆွေးနွေးစ ရာတွေ ကျန်ရှိနေသေးတဲ့အတွက် ဆက်လက်ဆွေးနွေးကြမှာဖြစ်ပြီး သြဂုတ် ၂၉ ရက်နေ့မှာတော့ ပြည်တွင်း က နိုင်ငံရေးအင်အားစုတွေနဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List