Friday, August 29, 2014

ပဲခူးခရိုင်တွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ပြည်ထောင်စုအစိုးရ အဖွဲ့က ငွေကျပ် ၁ဝ၄၇သန်းကျော် ထောက်ပံ့ပေးမည်


ပဲခူးခရိုင်အတွင်း ရေကြီးမှုများဖြစ်ပေါ်ခဲ့သည့် မြို့ နယ်လေးမြို့နယ်တွင် ကယ်ဆယ်ရေး စခန်းများဖွင့်လှစ်၍ အိမ်ထောင်စု ၅ဝဝဝကျော်အား စားသောက်နေထိုင် ရေး၊ ကျန်းမာရေးကိစ္စရပ်များကို ကူညီဆောင်ရွက်ပေး ခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ကုလသမဂ္ဂ စာနပ်ရိက္ခာအစီအစဉ် အဖွဲ့တို့ကလည်း မြွေဆိပ် ဖြေဆေး၊ ဗလာစာအုပ်၊ ဆန်၊ ဆား၊ ကုလားပဲနှင့် မျိုးစပါးများ ထောက်ပံ့ပေးခဲ့ ကြောင်း၊ မိုးစပါးပျက်စီး၊ ထိခိုက်မှုများအတွက် ပြည်ထောင်စုအစိုးရအဖွဲ့က ငွေကျပ် ၁ဝ၄၇သန်းကျော် ထောက်ပံ့ရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည်။

ပုံမှန်မိုးရေချိန်ထက်ပိုမို၍ မိုး အဆက်မပြတ်ရွာသွန်းခြင်း၊ ပဲခူးမြစ် ရေမြင့်တက်ခြင်းတို့ကြောင့် ပဲခူး၊ သ နပ်ပင်၊ ဝေါနှင့် ကဝမြို့နယ်တို့တွင် သြဂုတ် ၆ရက်မှ ၁၄ရက်အထိ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့သဖြင့် ကယ်ဆယ်ရေးစခန်း ၆၈ခု ဖွင့်လှစ် ခဲ့ပြီး ရေဘေးသင့်အိမ်ထောင်စု ပေါင်း ၅၃၉ဝ၊ လူဦးရေ ၂၅၈ဝ၉ဦး တို့အား စားသောက်ရေး၊ နေထိုင်ရေး၊ ကျန်းမာရေးကိစ္စများကို စနစ်တကျ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ဝေါ မြို့နယ်၌ သြဂုတ် ၁၁ရက်တွင် လည်းကောင်း၊ ပဲခူးမြို့နယ်နှင့် သနပ် ပင်မြို့နယ်တို့၌ သြဂုတ် ၁၄ ရက် တွင်လည်းကောင်း ကယ်ဆယ်ရေး စခန်းများ ပိတ်သိမ်းခဲ့ပြီးဖြစ်သော် လည်း ကဝမြို့နယ်တွင် ပင်လယ်ရေ ဝင်ရောက်မှုကြောင့် သြဂုတ် ၁၆ ရက်အထိ ကယ်ဆယ်ရေးစခန်း ၂၅ ခု ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း သိရှိ ရသည်။

ရေဘေးသင့် ပြည်သူများအ တွက် ကျန်းမာရေးဝန်ကြီးဌာနက မြွေဆိပ်ဖြေဆေးအလုံး ၁ဝဝ၊ ရေသန့် ဆေးပုံး ၃၅ပုံး၊ ပညာရေးဝန်ကြီး ဌာနက ဗလာစာအုပ် ဒါဇင် ၅ဝဝဝ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန က ပစ္စည်းလေးမျိုး လှူဒါန်းခြင်း တန် ဖိုးငွေ ကျပ် ၄၁၉သိန်းကျော်၊ ဆန် တန်ဖိုးငွေကျပ်သိန်း ၁ဝဝနှင့် ဟင်း တန်ဖိုးငွေကျပ် သိန်း ၄ဝ၊ စုစုပေါင်း ၅၅၉ သိန်းကျော်၊ ကုသမဂ္ဂစားနပ် ရိက္ခာ အစီအစဉ်အဖွဲ့က ဆန် ၃၂၁၅ အိတ်၊ ဆားအိတ် ၄ဝ၊ ကုလားပဲ ၄၃၃ အိတ်၊ ရေကြီးနစ်မြုပ်သော လယ်မြေ များ ပြန်လည်စိုက်ပျိုးရန်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက မျိုးစပါး တင်း ၇၅ဝ ထောက်ပံ့ပေးခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်မှုကြောင့် သြဂုတ် ၁၃ ရက်အထိ ကောက်ယူပြုစုသော စာရင်းအရ မိုးစပါး ၁၄၇၉၇၆ ဧက ရေလွှမ်းခဲ့ရာတွင် ရေပြန်ကျဧရိယာ ၁ဝ၁၈၅၅ ဧက၊ ရေလွှမ်းဆဲဧရိယာ ၄၆၁၂၁ ဧက၊ ထိခိုက်ဧရိယာ ၆ဝ၁၉၆ ဧက၊ ပျက်စီးဧရိယာ ၁၁ဝ၉၆ ဧက ဖြစ်ကြောင်း၊ ရေလွှမ်းဆဲဧရိယာ ၄၆၁၂၁ ဧကမှာ ၁၆ ရက်ကြာ ရေ လွှမ်းခံရ၍ အားလုံးပျက်စီးနိုင်သ ဖြင့် ပျက်စီးဧရိယာစုစုပေါင်း ၅၇၂၁၇ ဧက ရှိမည်ဖြစ်ကြောင်း သိရသည်။

မိုးစပါးပျက်စီးဧရိယာ ၅၇၂၁၇ ဧကအတွက် တစ်ဧကလျှင် မျိုး ၁ ဒသမ ၅တင်းကိုလည်းကောင်း၊ ထိခိုက်မှု ဧရိယာ ၆ဝ၁၉၆ဧကအ တွက် တစ်ဧကလျှင် ငွေကျပ် ၆ဝဝဝ နှုန်းဖြင့်လည်းကောင်း စုစုပေါင်းငွေ ကျပ် ၁ဝ၄၇ဒသမ ၇၈ သန်းအား ပြည်ထောင်စုအစိုးရအဖွဲ့က ထောက် ပံ့ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List