Tuesday, August 26, 2014

ရေကူးဝတ်စုံ ဝတ်ဆင်ကာ ယှဉ်ပြိုင်ရမည် ဖြစ်ခြင်းကြောင့် အလှမယ်ပြိုင်ပွဲများ ဝင်ပြိုင်မည် မဟုတ်ဟု သန္တာဗို ပြော


သန္တာဗိုသည် အလှမယ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မှု မရှိခြင်းသည် ၎င်းအနေဖြင့် ရေကူးဝတ်စုံ များ ဝတ်ဆင်ကာ ယှဉ်ပြိုင်ရမည်ဖြစ်ခြင်းကြောင့် ဟုမဇ္စျိမကိုပြောသည်။  "ညီမ တကယ်အစစ်အမှန် မော်ဒယ် တစ်ယောက်အနေနဲ့ ရပ်တည်သွားချင်ပါတယ်။ 

အရင်က မော်ဒယ်လမ်းကြောင်းက အခုခေတ်လောက်အထိ နေရာတစ်ခု မရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာ မော်ဒယ်တွေလမ်းကြောင်း တစ်ခုပေါ်လာပြီး အဆင်ပြေလာကြပါပြီ။ နောက်ပြီး သရုပ်ဆောင် အလုပ်ကို မော်ဒယ်နဲ့ သီချင်းဆိုတာလောက် အားမသန်ပါဘူး"ဟု ၎င်းကပြောသည်။သန္တာဗိုကို Miss Myanmar World ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု မီဒီယာများနှင့်ပရိသတ်များကသုံးသပ်ကြသည်။

မြန်မာနိုင်ငံတွင် မော်ဒယ်နှင့် ပတ်သက်သည့် လုပ်ငန်းများ ပိုမိုများပြား လာသည့်အပြင် ယင်းလုပ်ငန်းသည် နိုင်ငံတကာ နှင့် ရင်ဘောင်တန်း နိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ခြင်းကြောင့် ပညာရှင်နိုင်ငံတကာ အဆင့်မီ မော်ဒယ် အဖြစ်သာ အသက်မွေးဝမ်းကြောင်း ပြုသွားမည်ဟုသန္တာဗိုလ်က  ပြောသည်။

၎င်းအနေဖြင့် မော်ဒယ်လုပ်ငန်းကို ပညာရှင်တစ်ယောက်အနေဖြင့် နိုင်ငံတကာသို့ရောက်ရှိအောင် ရပ်တည်သွားမည်ဟုပြောသည်။ သန္တာဗိုသည် မော်ဒယ်ရှိုးပွဲ များလျှောက်ခြင်းနှင့်သီချင်း များသီဆိုနေ ခြင်းကြောင့် ဇာတ်ကား များရိုက်ကူးမှု လတ်တလောတွင် မရှိဟုပြောသည်။

" အမ်တီဗီတွေရိုက်ဖြစ်တယ်။ အခုလည်း ကိုစိန်လင်းအတွက် အမ်တီဗီ ရိုက်ပေးနေတယ်။ ပြီးရင်ညီမ ရဲ့ စီးရီးအမ်တီဗီကို ရိုက်မယ်။ တစ်ဝက်နီး ပါးတော့ပြီးနေပြီ။ ဒီနှစ်ကုန်လောက် တော့ထွက်နိုင်အောင်ကြိုး စားနေ ပါတယ်။ အမ်တီဗီမှာ ကိုယ်တိုင်သရုပ်ဆောင်တာ များတယ်။" ဟုသန္တာဗိုက၎င်း၏ လတ်တလော လှုပ်ရှားမှုကိုပြောသည်။

သန္တာဗိုသည် "နားလည်ပေးပါကို" စီးရီးကို ၂ဝ၁၃ ခုနှစ်တွင်ထွက်ရှိခဲ့ပြီး ၂ဝ၁ဝခုနှစ်တွင် Star & Model အေဂျင်စီတွင် မော်ဒယ် သင်တန်းတက်ပြီး မော်ဒယ်လောကသို့ ဝင်ရောက်လာသူဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment

My Blog List