ပြည်မြို့တွင် ဆိုင်ကယ်ဦးထုပ်မဆောင်းသူများ ဒဏ်ကြေးဆောင်ရသည်ကို မကျေနပ်၍ ခွင့်ပြုမိန့်မတင်ဘဲ တစ်ကိုယ်တော်ဆန္ဒပြသူက ပုဒ်မ ၁၈ ဖြင့် အမိန့်ချမည့် သြဂုတ်(၂၈) ရက်တွင် ထပ်မံဆန္ဒပြခဲ့ကြောင်းနှင့် သိရသည်။
လွန်ခဲ့သောလပိုင်းက ပြည်မြို့တွင် ဆိုင်ကယ် ဦးထုပ်မဆောင်းသူများ တရားရုံးတွင် ဒဏ်ငွေ ၁၅၀၀ ကျပ်နှင့် စီမံဒဏ်ကြေး ၅၀၀၀ ကျပ် ပေးဆောင်ရသည်ကို မကျေနပ်၍ ခွင့်ပြုမိန့်မယူဘဲ တစ်ကိုယ်တော် ဆန္ဒထုတ် ဖော်ခဲ့သဖြင့် ပုဒ်မ ၁၈ အရ အရေးယူခံရခြင်းဖြစ်ပြီး သြဂုတ်(၂၈)ရက်နေ့တွင် ထောင်ဒဏ်(၃)လ အမိန့်ချ မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
၎င်းအား အမိန့်မချမှတ်မီ သြဂုတ်(၂၈)ရက်နေ့ နံနံက်ပိုင်းတွင် ဆန္ဒပြထုတ်ဖော်ခွင့်ကို ခွင့်ပြုမိန့်တင်သည်ကို သက်ဆိုင်ရာကခွင့်ပြုလိုက်သော်လည်း ဆန္ဒဖော်ထုတ်ရာ ခွင့်ပြုချက်တွင် မပါဝင်သည့် ဗီနိုင်းများ ကိုင်ဆောင်ခဲ့ကြောင်း သိရသည်။
ခွင့်ပြုမိန့်တင်စဉ်က ၎င်းကိုင်ဆောင်မည့် ဗီနိုင်းစာသားများသည် နိုင်ငံတော်နှင့် ပြည်ထောင်စုကို လည်းကောင်း၊ လူ့သိက္ခာနှင့်ကိုယ်ကျင့်တရားကိုလည်းကောင်း ထိခိုက်စေသော စာသားများဖြစ်သည်ဟု ဆိုကာ သက်ဆိုင်ရာက ခွင့်ပြုမထားခြင်းဖြစ်ကြောင်း သိရသည်။
တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူ ကိုဝင်းလှိုင်သည် စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒပုဒ်မ (၁၈)ဖြင့် (၁၂)ကြိမ် ပုဒ်မ(၁၈) ၏ နောက်ဆက်တွဲ ပုဒ်မဖြစ်သော ပုဒ်မ(၁၉)ဖြင့် တစ်ကြိမ် တရားစွဲဆို အရေးယူ ခံထားရပြီး အဆိုပါ အမှုများအနက် ပုဒ်မ (၁၈)ဖြင့် ထောင်ဒဏ် သုံးလချမှတ်ခံထားပြီးဖြစ်သဖြင့် ယခုထောင်ဒဏ်သည် ဒုတိယအကြိမ် ဖြစ်ကြောင်း သိရသည်။
Shwe Myitmakha Media Group


No comments:
Post a Comment