Wednesday, August 27, 2014

အစ္စရေးနှင့် ပါလက်စတိုင်း အပစ်ရပ်၊ ငြိမ်းချမ်းရေးငတ်မွတ်နေ့သည့် ပြည်သူများ အောင်ပွဲခံ


အစ္စရေးနဲ့ ပါလက်စတိုင်းတို့ သြဂုတ် ၂၆ ရက်နေ့မှာ အပစ်ရပ်ထားပြီး သြဂုတ် ၂၇ ရက်နေ့ မနက်အထိ ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ခိုက်မှုတွေ မရှိဘဲ ငြိမ်သက်နေပါတယ်။ GAZAငြိမ်းချမ်းရေး ငတ်မွတ်နေတဲ့ ပါလက်စတိုင်း ပြည်သူတွေ လမ်းပေါ် ထွက်ပြီး အောင်ပွဲခံနေကြပါတယ်။

အီဂျစ်ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ဟားမက်စ်အဖွဲ့နဲ့ အစ္စရေးတို့ သြဂုတ် ၂၆ ရက်နေ့ ည ၇ နာရီက စလို့ ၇ ပတ်ကြာ တိုက်ပွဲကို အကန့်အသတ်မရှိ အပစ်ရပ်ထားဖို့ သဘောတူတဲ့ အကြောင်းကို ပါလက်စတိုင်း သမ္မတ မာမွတ်အဘတ်က သြဂုတ် ၂၆ ရက်နေ့ ညနေပိုင်းမှာ ကြေညာခဲ့တာဖြစ် ပါတယ်။

နောက်တဆင့်အနေနဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ နောက် ၁ လအကြာမှာ ဂါဇာကမ်းမြောင်ဒေသမှာ ဟားမက်အဖွဲ့က လိုချင်နေတဲ့ ပင်လယ်ကမ်းခြေ တည်ဆောက်ရေးနဲ့ ဟားမက်စ်အကျဉ်းသားတွေကို အစ္စရေးတွေက ပြန်လွှတ်ပေးရေးကိစ္စကို ဆွေးနွေးဖို့ ရှိပါတယ်၊

အပစ်မရပ်ခင်အထိ အစ္စရေးက ရော့ကတ်ဒုံးကျည် အကြိမ် ၇၀ ပစ်ခတ်ခဲ့လို့ သြဂုတ် ၂၆ ရက်နေ့မှာ နောက်ထပ် ပါလက်စတိုင်း ၆ ယောက် သေဆုံးခဲ့ပါ တယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲအတွင်း ပါလက်စတိုင်း ၂၁၂၉ ယောက် သေဆုံးခဲ့ပြီး သေဆုံး သူတွေထဲမှာ အယောက် ၄၉၀ ဟာ ကလေး ငယ်တွေ ဖြစ်ပါတယ်။ အစ္စရေးစစ်သား ၆၄ ယောက်နဲ့ အရပ်သား ၄ ယောက် သေဆုံးခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List