Friday, August 29, 2014

စစ်သွေးကြွအဖွဲ့ဝင် အမေရိကန် နောက်တဦး ဆီးရီးယားမှာ သေဆုံး


ဆီးရီးယားနိုင်ငံမှာ စစ်သွေးကြွတွေနဲ့ ပူးပေါင်းတိုက်ခိုက်ရင်း သေဆုံးခဲ့သူ ဒုတိယမြောက် အမေရိကန်နိုင်ငံ သားဟာ ဆိုမာလီ အမေရိကန် တယောက်ဖြစ်ပါတယ်။ Abdirahman Muhumed ဟာ အစ္စလာမ်နိုင် ငံတော် အဖွဲ့လို့ ခေါ်တဲ့ ISIS စစ်သွေးကြွအဖွဲ့ဝင်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ဖို့ ဆီးရီးယားကို ထွက်ခွါသွားခဲ့ တယ်လို့ Minneapolis မှာအခြေစိုက်တဲ့ KSMP ရုပ်သံဌာနက ပြောဆိုပါတယ်။ 

ပထမ သေဆုံးခဲ့သူ အမေရိကန်နိုင်ငံသား Douglas McCain သေဆုံးခဲ့တဲ့ တိုက်ပွဲတွင်းမှာပဲ Muhumed သေဆုံးခဲ့တာဖြစ်ကြောင်း သိရတယ်လို့ KSMP က ပြောပါတယ်။

Minneapolisမြို့မှာ နေထိုင်တဲ့  အသက် ၃၃ နှစ်အရွယ် Douglas McCain သေဆုံးကြောင်း အမေရိကန် အမျိုးသားလုံးခြုံရေးကောင်စီက ဒီအပါတ်အစော ပိုင်းမှာ အတည်ပြုခဲ့တာပါ။ Muhumed သေဆုံးခဲ့တာနဲ့ ပါတ်သတ်ပြီး ဗုဒ္ဓဟူးနေ့မှာကတည်းက လူမှုကွန်ယက်တွေပေါ်မှာလည်း ရေးသားနေခဲ့ကြ တာပါ။

အစ္စလာမ်မစ် အစွန်းရောက်တွေရဲ့ သိမ်းသွင်းမှုကြောင့် လူ တဒါဇင်ကျော်ဟာ လည်း ဆီးရီးယားမှာ တိုက်ပွဲ ၀င်ဖို့ နိုင်ငံကနေ ထွက်ခွါသွားခဲ့ကြပါတယ်။ 

ဒီအတောအတွင်း အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ ISIS က ဖမ်းဆီး ထိန်းသိမ်းထားတဲ့ အမေရိကန် သတင်း ထောက် Steven ရဲ့ မိခင်က သားဖြစ်သူကို ပြန်လွှတ်ပေးဖို့ ISIS အဖွဲ့ခေါင်းဆောင်တွေကို မေတ္တာရပ်ခံခဲ့ ပါတယ်။  

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ဗွီဒီယိုခွေထဲမှာ မိခင်ဖြစ်သူ Shirley Sotloff က Steven ဟာ ရိုးသားတဲ့သူ တယောက်ဖြစ်ပြီး အမေရိကန်အစိုးရရဲ့ ဆောင်ရွက်မှုတွေအတွက် အပြစ်ပေးခံရသင့်တဲ့သူမျိုး မဟုတ်ပါ ဘူးလို့ ပြောဆိုခဲ့ပါတယ်။ 

VOA

No comments:

Post a Comment

My Blog List