Thursday, August 28, 2014

မြန်မာနိုင်ငံတွင် အီဘိုလာ ဓာတ်ခွဲခန်း တည်ဆောက်ရန် စီစဉ်


မြန်မာနိုင်ငံတွင် အီဘိုလာရောဂါစမ်းသပ်စစ်ဆေးနိုင်မည့်ဓာတ်ခွဲခန်း တည်ဆောက်ရန်စီစဉ်နေပြီဖြစ် ကြောင်း သတင်းရရှိသည်။ ‘‘အခု မြန်မာနိုင်ငံမှာဆိုရင် အီဘိုလာနဲ့ပတ်သက်ပြီး နဖူးတွေ့ဒူးတွေ့ ကြုံလာ ရပြီဆိုတော့ ရောဂါစစ်ဆေးဖို့အတွက် လိုအပ် မယ့် ပစ္စည်းတွေဝယ်ယူပြီး ဓာတ် ခွဲခန်းဆောက်ဖို့ စီစဉ်နေ ပါပြီ’’ဟု ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူး စက်ရောဂါဌာနမှ ဒုတိယညွှန် ကြားရေးမှူး ဒေါက်တာ ထွန်းတင် က ပြောသည်။

မြန်မာနိုင်ငံတွင် အီဘိုလာ ရောဂါဖြစ်၊ မဖြစ် သိရှိနိုင်ရန် စစ်ဆေးနိုင်မည့် ဓာတ်ခွဲခန်းမရှိ ခြင်းကြောင့် သြဂုတ် ၁၉ ရက်က အာဖရိကတိုက်မှ ပြန်လည်ရောက်ရှိလာသည့် အီဘိုလာရောဂါ သံသယရှိ လူနာ ဦးဇင်မင်းဦး၏ သွေးကို ဓာတ်ခွဲစစ်ဆေးရန် ကမ္ဘာ့ကျန်းမာရေး ဓာတ်ခွဲဌာန တည်ရှိရာ အိန္ဒိယနိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်နေရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

‘‘ဓာတ်ခွဲခန်းဆောက်ဖို့ ဆို တာကလည်း သူ့အတွက် လိုအပ်မယ့် အဆောက်အအုံတွေ၊ ပစ္စည်း ကိရိယာ တွေ ၀ယ်ဖို့ရှိသေးတယ်။ ဒီနေ့ပြော နောက်နေ့ ဗြုန်းခနဲဆောက်လို့ ပြီးမယ့် အရာတော့ မဟုတ်ဘူး။ အချိန် အတိုင်းအတာ တစ်ခုတော့ ကြာမှာပဲ’’ဟု ဒေါက် တာထွန်းတင်က ဆိုသည်။

လင်းနို့မှတစ်ဆင့် စတင်ဖြစ် ပွားသော အီဘိုလာဗိုင်းရပ်စ်ပိုး သည် အနောက်အာဖရိကနိုင်ငံ များဖြစ်သည့် လိုက်ဘေးရီးယား၊ ဂီနီ၊ နိုင်ဂျီးရီးယား၊ ဆီရာယာလီယွန် စသည့် နိုင်ငံလေးနိုင်ငံတွင် ကူးစက်မှု မြန်ဆန် နေပြီး သြဂုတ် ၂၃ ရက်ထိ ရောဂါဖြစ်ပွားသူအရေ အတွက် ၂၆၁၅ ဦးနှင့် သေဆုံးသူ များမှာ အနည်းဆုံး ၁၄၂၇ ဦး ရှိ နေပြီ ဖြစ်သည်။

အီဘိုလာရောဂါပိုးမှ ကာ ကွယ်နိုင်ရန် တစ်ကိုယ်ရေ သန့် ရှင်းရေး ဂရုစိုက်ခြင်း၊ ရောဂါပိုး ရှိသူ(သို့) ရောဂါကူးစက်ခြင်း ခံထားရသူ၏ ခန္ဓာကိုယ်မှ ထွက်သော အရည်များကို အကာအကွယ်မပါဘဲ ထိတွေ့ခြင်းမပြုရန်နှင့် အီဘိုလာရောဂါဖြစ်ပွားနေ သည့် နိုင်ငံများသို့ ခရီးသွားခြင်း တို့ကို ရှောင်ကြဉ်ရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

7Day News Journal

No comments:

Post a Comment

My Blog List