Wednesday, August 27, 2014

ညမထွက်ရအမိန့် ရုပ်သိမ်းပြီးနောက် မန္တလေးမြို့သို့ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု ၂၅ ရာခိုင်နှုန်းခန့် မြင့်တက်လာ


ညမထွက်ရအမိန့် ရုပ်သိမ်းပြီးနောက် မန္တလေးမြို့သို့ နိုင်ငံခြားသားခရီးသွား ဧည့်သည်ဝင်ရောက်မှုမှာ ယခင်နှစ်နှင့်ကာလတူ နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်းခန့်မြင့်တက်လာကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးညီညီဆွေက ပြောကြားသည်။ 

“ဒီနှစ်ခရီးသွားဧည့်သည်ဝင်ရောက်မှုက လက်ရှိမှာကို မနှစ်ကနဲ့ နှိုင်းယှဉ်ရင် ၂၅ ရာခိုင်နှုန်းလောက် တိုးလာပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မန္တလေးမြို့မှာ ညမထွက်ရအမိန့်ကြောင့် အစောပိုင်းမှာ ခရီးသွားဝင်ရောက်မှုကို ထိခိုက်မယ်လို့ ထင်ခဲ့ပေမယ့် ထိခိုက်မှု မရှိခဲ့ပါဘူး။ ပုံမှန်အတိုင်းဝင်ခဲ့တယ်” ဟု တိုင်းဦးစီးမှူး ဦးညီညီဆွေက ပြောကြားသည်။ 

ထို့ပြင် ယခုနှစ်ခရီးသွားရာသီအတွင်း ပိုမိုဝင်ရောက်လာစေရေးအတွက်ယဉ်ကျေးမှုပဒေသာကပွဲများဆောင် ရွက်ကာ ဆွဲဆောင်မှုများပြုလုပ်ရန် စီစဉ်ထားကြောင်းလည်း ဦးညီညီဆွေက ပြောကြားသည်။ မန္တလေးမြို့ သို့ ၂ဝ၁၃ ခုနှစ် ခုနစ်လတာကာလအတွင်း ၁၁၁၉၃၈ ဦးသာ လာရောက်ခဲ့ပြီး ၂ဝ၁၄ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်အထိ နိုင်ငံခြားသားခရီးသွားဧည့်သည် စုစုပေါင်း ၁၁၇၇၈၆ ဦး လာရောက်ခဲ့ကြောင်း သိရသည်။ 

လာမည့်ခရီးသွားရာသီ၌ မန္တလေးမြို့သို့ နိုင်ငံခြားခရီးသွား ဝင်ရောက်မှုမှာ ယခင်နှစ်ထက်ပိုမိုများပြားနိုင်ပြီး လက်ရှိတွင် ခရီးသွားဧည့်သည်များအတွက် ဟိုတယ်လိုအပ်ချက်နှင့် ဧည့်လမ်းညွှန်လိုအပ်ချက်မရှိစေရန် လိုင်စင်ချ ထားပေးခြင်းများအား မန္တလေးမြို့၌ အပြီးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် တစ်နှစ်တာကာလအတွင်း မန္တလေးမြို့သို့ နိုင်ငံခြားသားခရီးသွား စုစုပေါင်း ၂၁၉၅၁၈ ဦး ဝင်ရောက် ခဲ့ပြီး ၂ဝ၁၂ ခုနှစ် ဝင်ရောက်မှုထက် ၃၆ ရာ ခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment

My Blog List