Friday, August 29, 2014

အစိုးရဌာနများ၏ တောင်းခံငွေများ အလွယ်တကူ အတည်ပြုပေးနေရ



ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ စာရင်းစစ်ချုပ်အစီရင်ခံစာကို နောက်ကျပြီးမှ သိရလို့ ဌာနတွေက တောင်းခံတဲ့ရန်ပုံငွေတွေကို ရန်ကုန်တိုင်းလွှတ်တော်က အလွယ်တကူ အတည်ပြု ပေးနေရတယ်လို့ တိုင်းလွှတ်တော်အမတ် ဒေါက်တာ ညိုညိုသင်းက ပြောပါတယ်။
“တချို့ လုပ်ငန်းတွေဆိုရင် မပြီးပြတ်ဘူး။ နောက်ထပ်လိုငွေတွေ တောင်းလာတော့လည်း စာရင်းစစ် အစီရင်ခံစာ မရလို့ ပြန်မေးခွင့် မရဘူး။ ဒါကြောင့် အနည်းဆုံး ၆ လ တကြိမ် တင်သွင်းပေးပါ” လို့ ဒီနေ့လွှတ်တော် အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။

မေးခွန်းကို တိုင်းစာရင်းစစ်ချုပ်က ဖြေကြားရာမှာတော့ သက်ဆိုင်ရာဌာနတွေက နှစ်ချုပ်စာရင်း ပြုစုရတာ၊ စာရင်းစစ်ရုံးရဲ့ လုပ်ငန်းဆောင်ရွက်ရတွေကြောင့် ဒီလို နောက်ကျနေရတာ ဖြစ်ပြီး ၂၀၁၃-၁၄ ခုနှစ်အတွက် စာရင်းတွေကို စတင် စစ်ဆေးနေပြီး ၂၀၁၅ နှစ်ဆန်းပိုင်းမှာ တင်ပြနိုင်မယ်လို့ ဖြေကြားခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List