Tuesday, August 26, 2014

PR ကန့်ကွက်ဖို့ လက်မှတ်ထိုးပြီး လွှတ်တော်ပို့မယ့်လှုပ်ရှားမှု စမယ်


အချိုးကျ ကိုယ်စားပြုတဲ့ရွေးကောက်ပွဲစနစ် PR ကို ကျင့်သုံးမှု ကန့်ကွက်ရေး လက်မှတ်ထိုးလှုပ်ရှားမှုကို ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်က စတင်လိုက်ပြီလို့ သြဂုတ် ၂၆ရက်နေ့မှာ ပြောပါတယ်။ လှုပ်ရှား တက်ကြသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ စုပေါင်းလက်မှတ်ထိုးထားတဲ့ ကန့်ကွက်မှုတွေနဲ့ ဘာဆက်လုပ် ကြမှာလဲ။

တောင်ဥက္ကလာ သံသုမာလမ်းထောင့် စိတ်တိုင်းကျစားသောက်ဆိုင်မှာ သြဂုတ် ၂၈ရက်နေ့ နေ့လည် ၁နာရီကနေ ၃နာရီထိ PR ကန့်ကွက်ဆန့်ကျင်တဲ့ လက်မှတ်ထိုးမှုကိုလုပ်ပြီး ပြည်ထောင်စုလွှတ်တော် မစတင်ခင် ၅ရက်အလိုမှာ ဒီလက်မှတ်တွေ တင်ပြချင်တယ်လို့ ကိုမြတ်ကျော်က ပြောပါတယ်။ အမျိုးသား လွှတ်တော်က PR ကျင့်သုံးဖို့ ဥပဒေကြမ်းမတိုင်ခင် ဖြစ်ချင်တယ်လို့ ဆိုပါတယ်။

ကန့်ကွက်တဲ့ လက်မှတ်တွေကို လွှတ်တော် ၃ခုစလုံးကို ပေးပို့မှာဖြစ်ပြီး သက်သေအနေနဲ့ NLD နဲ့ တိုင်းရင်းသားပါတီတွေကို ပူးတွဲပေးပို့မယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ကိုကြည်လင်းက ပြောပါတယ်။
လက်မှတ်ကောက်ခံမယ့်ပုံစံက Door to Door အိမ်တိုင်ရာရောက် တစ်အိမ်တက်ဆင်း လုပ်မှာဖြစ်သလို ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ကောက်ခံတဲ့ ပုံစံနဲ့ တစ်ထပ်တည်း မတူဘဲ မြို့နယ်အချို့မှာ လုပ်မှာလို့ ဆိုပါတယ်။

အသက် ၁၈နှစ်ပြည့်ပြီး မဲပေးခွင့်ရှိသူ နိုင်ငံသားတိုင်းဆန္ဒပြုနိုင်ပြီး ပြည်သူတွေ ဒေါသထွက်ပြီး လမ်းပေါ်တက်လာမယ့်အစား လက်မှတ်ထိုး ကန့်ကွက်တဲ့နည်းက ငြိမ်းချမ်းရေးကို ဦးတည်တာဖြစ်တယ်လို့ ကိုစိုးကျော်သူက ဆိုပါတယ်။

kamayut media

No comments:

Post a Comment

My Blog List