Thursday, August 28, 2014

ပျောက်ဆုံးနေသော MH370 လေယာဉ်အား လမ်းကြောင်း ပြောင်းရှာဖွေမည်



ခရီးသည် ၂၃၉ ဦးလိုက်ပါလာပြီး မတ် ၈ ရက်က ပျောက်ဆုံးသွားခဲ့သည့် မလေးရှားလေကြောင်းလိုင်းမှ MH370 ခရီး သည်တင် လေယာဉ်သည် ယခင်တွက်ဆခဲ့သည့် လမ်းကြောင်းထက် အချိန်စော၍ တောင်ဘက်လမ်းကြောင်းသို့ ကွေ့သွားခဲ့ ကြောင်း သြစတြေးလျ ရှာဖွေရေးအဖွဲ့က သြဂုတ် ၂၈ ရက်တွင် သတင်းထုတ်ပြန် ထားသည်။
MH370 လေယာဉ်သည် သြစတြေးလျအနောက်ဘက် ကမ်းရိုးတန်းအပြင်ဘက် အိန္ဒိယ သမုဒ္ဒရာတောင်ဘက်အတွင်း ပျက်ကျသွားခဲ့ကြောင်း ယူဆထားသည်။

ရှာဖွေရေးလုပ်ငန်းများအား ယခင်ဧရိယာအတွင်း၌ပင် လုပ်ဆောင်မည်ဖြစ်သော် လည်း တောင်ဘက်သို့ လမ်းကြောင်း အနည်းငယ် ထပ်မံပြောင်းရမည်ဟု သိရသည်။

သြစတြေးလျဒုတိယ၀န်ကြီးချုပ် ၀ါရင်ထရက်စ်က “ဂြိုဟ်တုဓာတ်ပုံအချက်အလက်များနဲ့ ထပ်မံစုံစမ်းလေ့လာမှုတွေအရ တောင်ဘက်ကို နည်းနည်းရွှေ့ပြီး ရှာဖို့ လိုပါမယ်” ဟု ပြောကြားသည်။

လေယာဉ်ရှာဖွေရေး နောက်ထပ်တစ်ဆင့် လုပ်ဆောင်ရေးအတွက် သြစတြေးလျ အစိုးရနှင့် မလေးရှား အစိုးရတို့ သဘောတူလက် မှတ်ရေးထိုးထားပြီး လာမည့် လမှစ၍ ရေအောက်ရှာဖွေနေရေးလုပ်ငန်း များကို နည်းပညာအရ ပိုမိုခေတ်မီသည့် ပစ္စည်းများအသုံးပြု၍ စတုရန်း ကီလိုမီတာ ၆၀၀၀၀ (စတုရန်းကီလိုမီတာ ၂၃၀၀၀) သမုဒ္ဒရာကြမ်းပြင် အထိ ရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List