Friday, August 29, 2014

အီဘိုလာရောဂါ ဟုတ်မဟုတ် ဓာတ်ခွဲစစ်ဆေးရန် ပေးပို့


အီဘိုလာသံသယရှိ လူနာရဲ့ ဓာတ်ခွဲနမူနာကို ရောဂါအတည်ပြုစစ်ဆေးနိုင်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ လေကြောင်း သယ်ယူပို့ဆောင်ရေး အဖွဲ့တို့နဲ့ ညှိနှိုင်းပြီး ဇီဝလုံခြုံမှုသတ်မှတ်ချက်နဲ့အညီ ဒီနေ့ ပို့ဆောင်လိုက်ပြီလို့ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့သူ ၄ ဦး၊ စုစုပေါင်း ၅ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို အီဘိုလာရောဂါပိုး ရှိ-မရှိ စစ်ဆေးနိုင်ဖို့ ပေးပို့ထားတယ်လို့ ဖော်ပြထားပါတယ်။

အီဘိုလာရောဂါ သံသယနဲ့ ဝေဘာဂီဆေးရုံမှာ စောင့်ကြပ်ဆေးကုမှုခံယူနေတဲ့ လူနာရဲ့ကျန်းမာရေး အခြေအနေ ပိုမိုတိုးတက်လာနေပြီး အစာစား လမ်းလျှောက်နေနိုင်ပြီလို့  ကျန်းမာရေးဌာနက ပြောပါတယ်။

အာဖရိကမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့ အသက် ၂၂ နှစ်အရွယ် မြန်မာ အမျိုးသားတဦးကို ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်နေ့က  ရန်ကုန်လေဆိပ်မှာ ကိုယ်အပူချိန်မြင့်လျက် တွေ့ရှိရတဲ့အတွက် အီဘိုလာ ရောဂါသံသယနဲ့ သက်ဆိုင်ရာက မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံဆီ လွှဲပြောင်းပို့ဆောင် ကျန်းမာရေးစောင့်ကြပ်စစ်ဆေး ကုသပေးနေတာ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ချက်အရ အီဘိုလာရောဂါနဲ့ ပတ်သက်တဲ့ ဓာတ်ခွဲစစ်ဆေးတာကို အိန္ဒိယနိုင်ငံ ပူနေးမြို့က ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းကို ပေးပို့ စစ်ဆေးရမှာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List