Thursday, August 28, 2014

ထိုင်းဝန်ကြီးချုပ်ဟောင်းအဘ်ဟီးဆစ်အား လူသတ်မှုဖြင့် စွဲဆိုထားသည့် အမှုကို စစ်ဆေးရန် တရားရုံးပယ်ချ



ထိုင်းဝန်ကြီးချုပ်ဟောင်း အဘ်ဟီးဆစ်နှင့် ဒုတိယ၀န်ကြီးချုပ်ဟောင်း ဆူသက်သောင်ဆူဗန်တို့အပေါ် စွဲဆိုထားသည့် လူသတ်မှုနှင့် အာဏအလွဲသုံးစား လုပ်မှုများကို ထိုင်းရာဇ၀တ်မှုဆိုင်ရာ တရားရုံးက စစ်ဆေးခွင့်မရှိဟုဆိုကာ သြဂုတ် ၂၈ ရက်တွင် ပယ်ချလိုက်ကြောင်း သိရသည်။
၂၀၁၀ ပြည့်နှစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို နှိမ်နှင်းခဲ့ရာတွင် သွေးထွက်သံယိုမှုများဖြစ်ခဲ့ခြင်း ကြောင့် ၎င်းတို့နှစ် ဦးသည် တရားစွဲဆိုခံ ခဲ့ရခြင်းဖြစ်သည်။

ဆန္ဒပြမှုများတွင် ရှပ်နီအုပ်စုက အဘ်ဟီးဆစ်သည် တရားရုံးက ၀န်ကြီးချုပ် ဟောင်းရှင် နာဝပ်ထရာအား ရာထူးမှဖယ် ရှားပြီးနောက် လွှတ်တော် ၏ မဲခွဲဆုံးဖြတ်မှုဖြင့် ၂၀၀၈ ခုနှစ်တွင် ဒီမိုကရေစီနည်းအရမဟုတ်ဘဲ အာဏာရလာ သူဖြစ်သောကြောင့် ရွေးကောက်ပွဲ တစ်ရပ် ကျင်းပပေးရေး အတွက် တောင်းဆိုခဲ့ကြသည်။

အဆိုပါ ကာလက အဘ်ဟီးဆစ်နှင့် ဆူသက်သို့သည် အရပ်ဘက်ဌာနကိုသာ တာဝန်ယူနေရပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်ချက်အမိန့် အရ ၀န်ထမ်းဆောင်နေသူများ ဖြစ်သောကြောင့် ရာဇ၀တ်မှုတရားရုံးအနေဖြင့် တရားစီရင်ပိုင်ခွင့် မရှိကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ယင်းအမှုများကို တရားရုံးချုပ်မှ နိုင်ငံရေးသမားများ၏ ရာဇ၀တ်မှုများကို စစ်ဆေးသည့် ဌာနကသာ ဆောင်ရွက်နိုင် ခွင့်ရှိသောကြောင့် လက်ရှိတရားစွဲ တင်ထားသည့် တရားရုံးက ပယ်ချလိုက်ခြင်းဖြစ် သည်။

အဘ်ဟီးဆစ်နှင့်ဆူသက်တို့သည် ၂၀၁၀ ပြည့်နှစ် ဆန္ဒပြမှုများ ဖြစ်ပွားစဉ်ကာလက လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ရန် အမိန့်ထုတ်ပေးခဲ့ကြောင်း အစိုးရ ရှေ့နေများက စွပ်စွဲပြီး တရားစွဲဆိုခဲ့သည်။ ၎င်းတို့နှစ်ဦးက အဆိုပါ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List