Thursday, August 28, 2014

ရင်သားကို ကိုင်ခွင့်ပြုပြီး AIDS တိုက်ဖျက်ရေး ရန်ပုံငွေအတွက် အလှုခံမယ့် ဂျပန်အပြာကားမင်းသမီးများ

   
ဂျပန် အပြာရုပ်ရှင်ဇာတ်ကား သရုပ်ဆောင်မလေး တစ်သိုက်ဟာ ပရိတ်သတ် တွေ သူတို့ရဲ့ ရင်သားတွေ ကို ကိုင်တွယ်ခွင့်ပြုမယ့် ၂၄ နာရီကြာ အလှုခံမှုကို ပြုလုပ်ဖို့ပြင်ဆင်နေကြပါတယ်။

အပြာကားမင်းသမီး ၉ ဦးက ရုပ်မြင်သံကြားမှာ တိုက်ရိုက်ပြသမယ့် ‘Stop! AIDS’ လူပ်ရှားမှုနဲ့ပတ်သတ်ပြီး သူတို့ရဲ့စိတ်လှုပ်ရှားမှုကိုတွေကို မနည်းထိန်းထားရတာဖြစ်ပါတယ်လို့ ဌာနေမီဒီယာတွေကိုပြောပါတယ်။ ဒါပေမယ့် ကျေးဇူးပြုပြီးညင်သာကြပါလို့တော့ တောင်းဆိုခဲ့ပါတယ်။

‘ကျွန်မရဲ့ရင်သားတွေကို လူတွေ ပွတ်သပ်ကိုင်တွယ်ကြမှာကိုတွေးပြီး ပျော်နေပါတယ်’ လို့ Rina Serina က Tokyo Sports ကိုပြောပါတယ်။ ‘ဒါပေမယ့် ရှင်တို့ကျေးဇူးပြုပြီး ညင်သာမယ်ဆိုရင် ကျွန်မအရမ်းပျော်ရွှင်ရ မှာပါ’ လို့ပြောပါတယ်။ ‘ကျွန်မရဲ့ရင်သားတွေက လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်တယ်လို့ ကျွန်မဘယ်တုန်း ကမှ မတွေးမိခဲ့ဘူး’ လို့ Serina ကပြောပါတယ်။ သူနဲ့လုပ်ငန်းတူ သရုပ်ဆောင် Iku Sakuragi ကတော့ သူမရဲ့ရင်သားတွေ လက်ပေါင်းရာကျော်နဲ့ အကိုင်အတွယ်ခံရမှာကို စိတ်ပူပန်ပုံမရပါဘူး။ ‘ဒါက အလှု အတန်းအတွက်ပါ။ ညှစ်ပါ၊ ပိုက်ဆံလှုပါ။ ပျော်ကြရအောင်’ လို့  Iku ကပြောပါတယ်။

ဒါဟာကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ ရန်ပုံငွေတစ်ခု မတည်ဖို့အတွက် အောင်မြင်မှာသေချာတဲ့ နည်းလမ်း တစ်ခုဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်ထဲကစတင်ပြီး ၁၂ ကြိမ်မြောက်ဖြစ်သွားတဲ့ ဒီလှုပ်ရှားမှုမှာ အလှူလုပ်သူတွေက AIDS တိုက် ဖျက်ရေးလှုပ်ရှားမှုကို ငွေလှုရတာဖြစ်ပြီး ရုပ်သံမှာပြသမှာဖြစ်ပါတယ်။

Ref: barstoolsports.com
Trend Myanmar

No comments:

Post a Comment

My Blog List