Wednesday, August 27, 2014

အစ္စရေး မူကြိုကျောင်း ဒုံးကျည် ထိမှန်


ဂါဇာကမ်းမြောင်ဒေသက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစီး အစ္စရေးတောင်ပိုင်း အက်ရှ်ဒေါ့မြို့က မူကြို ကျောင်းကို သြဂုတ် ၂၆ ရက်နေ့က ထိမှန်ခဲ့ပါတယ်။ကလေးတွေ အိမ်ပြန်သွားပြီး ၁၅မိနစ်အကြာမှာ ဒုံးကျည် ထိမှန်ခဲ့တာဖြစ်လို့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ကျောင်းဆရာမ လင်းနက်က ပြောပါတယ်။

“ဒုံးကျည်မကျခင် ၁၅ မိနစ်က ကျောင်းမှာ ရှိနေခဲ့တယ်။ ကျောင်းက ပြန်လာပြီး အိမ်အရောက်မှာ အချက်ပေးဥသြသံ ကြားပြီး ဒုံးကျည်ကျလာတာပါပဲ။ အဲဒီနောက် ဖုန်းတွေ စမြည်လာတော့တယ်” လို့ ပြောပါတယ်။

အစ္စရေးစစ်တပ်ကတော့ သြဂုတ် ၂၆ ရက်နေ့က ဂါဇာကနေ ဒုံးကျည် အစီး ၇၀ ပစ်ခတ်ခဲ့ကြောင်း၊ အစ္စရေးတောင်ပိုင်း ကမ်းရိုးတန်းက အဲ့ရှ်ကယ်လွန်မြို့မှာ အိမ်တလုံး ပျက်စီးပြီး လူ ၁၀ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ပြောပါတယ်။

သြဂုတ် ၂၅ ရက်နေ့ကလည်း ဂါဇာကနေ အစ္စရေးကို ဒုံးကျည်တွေနဲ့ အကြီးအကျယ် ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

DVB

No comments:

Post a Comment

My Blog List