Wednesday, August 27, 2014

အီဘိုလာရောဂါသံသယလူနာ၏သွေးအဖြေအား ယနေ့အချိန်ထိ အိန္ဒိယနိုင်ငံ ရှိ ဓာတ်ခွဲခန်းသို့ ပေးပို့နိုင်ခြင်းမရှိသေး


အီဘိုလာ ရောဂါသံသယလူနာ၏ သွေးအဖြေအား ယနေ့အချိန်ထိ အိန္ဒိယနိုင်ငံရှိ ဓာတ်ခွဲခန်းသို့ ပေးပို့နိုင် ခြင်းမရှိ သေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသန်းညွန့်က ပြောသည်။

အဆိုပါ ဓာတ်ခွဲခန်းသို့ ပေးပို့ ရန်မှာ လေကြောင်းလိုင်းအခက်အခဲ ရှိနေခြင်းကြောင့် ယနေ့ (သြဂုတ် ၂၆) အထိ ပေးပို့နိုင်သေးခြင်းမရှိ ကြောင်း၊ သို့သော် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အပြည်ပြည်ဆိုင်ရာ လေ ကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း တစ်ခုဖြစ်သော IATA နှင့် ညှိနှိုင်း ဆောင်ရွက်နေကြပြီး မည်သည့်နေ့ ပို့မည်ကို အတိအကျမပြောနိုင်သေး ကြောင်း ဒေါက်တာမင်းသန့်ညွန့်က ပြောသည်။

လေကြောင်းဖြင့် ပို့ဆောင်ခွင့် ရရှိရန်အတွကှ်ုဗွှဗ ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဗဟိုရုံးချုပ်မှ စာ ထုတ်၍ ညှိနှိုင်းနေကြောင်း မြန်မာ နိုင်ငံတစ်ခုတည်းသာမက မည်သည့် နိုင်ငံတွင်မဆို ယင်းပစ္စည်းအား ခရီးသည် တင်လေယာဉ်များမှတင် ဆောင်ခွင့်မရှိကြောင်းသိရသည်။

''ဇီဝလုံခြုံမှု အဆင့်လေးရှိတဲ့ ဓာတ်ခွဲခန်းမှာပဲ စစ်ရတယ်။ အဲဒီ နမူနာပစ္စည်းကို သယ်ယူမယ့်လေ ယာဉ်ကလဲ ဇီဝလုံခြုံမှု အဆင့်လေး ရှိတဲ့ပစ္စည်းထည့်တဲ့သေတ္တာလေးပါ ရတယ်။ အခုမြန်မာပြည်ကိုလာနေ တဲ့လေကြောင်းလိုင်းတွေထဲမှာ အဲ ဒီသေတ္တာလေးမပါဘူး။ အဲဒီသေတ္တာ လေးက လေယာဉ်တိုင်းမှာလဲ မပါ ဘူး။ အဲဒါကြောင့် ကျွန်တော်တို့ညှိ နေတုန်းပါ''ဟု ဒေါက်တာမင်းသန်း ညွန့်က ပြောသည်။

ယခုကဲ့သို့ ကြန့်ကြာနေသည့် အတွက် သံသယလူနာတွင် အီဘို လာရောဂါဖြစ်ပွားနေခြင်း မဟုတ် ကြောင်းကို တရားဝင်သတင်းထုတ် ပြန်ရန်အတွက် နောက်ကျနေနိုင် ကြောင်း သိရသည်။

''ကျွန်တော်တို့ဆီမှာရှိတဲ့ ဆရာ ဝန်ကြီးတွေရဲ့အစည်းအဝေးလုပ်လိုက် တဲ့အခါမှာ ဒီလူနာက အီဘိုလာ မ ဟုတ်ဘူးဆိုတဲ့ အဖြေရပါတယ်။အဲ ဒါကတော့ သူတို့ရဲ့ အတတ်ပညာ အရ ရတာပေါ့။ ဒါပေမဲ့အပြည်ပြည် ဆိုင်ရာ ကျန်းမာရေးလုပ်နည်းအ တိုင်းဆိုရင်တော့ လူနာမှာ အီဘိုလာ ရောဂါမရှိပါဘူးဆိုတဲ့အဖြေမှာ သွေး နမူနာပေးဖို့လိုနေပါတယ်''ဟု ဒေါက် တာ မင်းသန်းညွန့်ကပြောသည်။

အဆိုပါ သွေးအဖြေအား ယူ ဆောင်ထားပြီး မည်သည့်လေယာဉ် ပေါ်သို့တင်ဆောင်ရမည်ကို စောင့် ဆိုင်းလျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံ အစိုးရအဖွဲ့အစည်း၊ ဓာတ်ခွဲခန်းမှ လည်း စစ်ဆေးခွင့်စသည့် ခွင့်ပြုစာ များလည်းတောင်းထားပြီးဖြစ်ကြောင်း သိရသည်။ 

အဆိုပါအီဘိုလာသံသယ လူနာမှာ အခြေအနေကောင်းမွန် နေပြီဖြစ်သော်လည်း အီဘိုလာရောဂါ မဟုတ်ကြောင်း အတိအလင်းမ ပြောနိုင်သေးသည့်အတွက် ဝေဘာဂီ ဆေးရုံတွင် ဆက်လက်တက်ရောက် ကုသမှုခံယူနေရဆဲဖြစ်ကြောင်း သိရသည်။

KTM
Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List