Thursday, August 28, 2014

အစ္စရေးအစိုးရရဲ့ ၃၅ နှစ်အတွင်း ပထမဆုံး တရားဝင် မြန်မာခရီး


အစ္စရေး ဒု နိုင်ငံခြားရေး ဝန်ကြီး Tzachi Hanegbi ဟာ နှစ်ပေါင်း ၃၅ နှစ်တာကာလအတွင်း မြန်မာနိုင်ငံ သို့ ပထမဆုံး တရားဝင် ခရီးစဉ်အဖြစ် ဗုဒ္ဓဟူးနေ့မှာ စတင်ဖို့ရှိတယ်လို့ သိရပါတယ်။ အစ္စရေးခေါင်းဆောင် မူရှေဒါယန်းက နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်စဉ် မြန်မာနိုင်ငံကို ၁၉၇၉ ခုနှစ်က နောက်ဆုံး အလည်အပတ် လာခဲ့ပါတယ်။ 

အစ္စရေးနဲ့ မြန်မာဟာ ၁၉၅၀ ခုနှစ်က ၂ နိုင်ငံ ဆက်ဆံရေးစတင်ခဲ့ကြပြီး ကာလရှည်တလျှောက် မိတ်ဆွေ တွေအဖြစ်နဲ့ ရပ်တည်လာကြတာပါ။ 

၁၉၅၉ ခုနှစ်က မြန်မာဝန်ကြီးချုပ် ဦးနုကလည်း အစ္စရေးကို အလည်အပတ်သွားခဲ့သလို ၁၉၆၁ ခုနှစ် က အစ္စရေးခေါင်းဆောင် ဒေးဗစ် ဘန်ဂူရီယန်လည်း မြန်မာနိုင်ငံနဲ့ အပြန်အလှန် လည်ပတ်ခဲ့ပါသေးတယ်လို့ အစ္စရေး နိုင်ငံ ခြားရေး ဝန်ကြီးဌာန ပြောခွင့်ရဗျူရိုကြေညာချက်ကို ကိုးကားပြီး အစ္စရေး Haaretz သတင်း ဌာနက ရေး သားထားပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး ပွင့်လင်း လွတ်လပ်မှုတွေ ဖော်ဆောင်လာမှုဟာ အစ္စရေးက စီးပွားရေးလုပ်ငန်း ရှင်တွေ နဲ့ ရင်းနှီး မြှုပ်နှံသူတွေကို ဆွဲဆောင်နေတာဖြစ်တယ်လို့လည်း အစ္စရေးရဲ့ ကြေညာချက်မှာ ဖော်ပြ ထား ပါတယ်။ 

ဒီခရီးစဉ်ဟာလည်း အစ္စရေးစီးပွားရေး စွန့်ဦးတီထွင်သူတွေနဲ့ ဆွဲဆောင်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ပါ။ 

အစ္စရေး ဒု နိုင်ငံခြားရေး ဝန်ကြီး Hanegbi ဟာ ယခင် အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တဖြစ် လဲ မြန်မာနိုင်ငံခြား ရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် နဲ့တွေ့ဖို့ရှိသလို ငြိမ်းချမ်းရေး နိုဗဲလ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီများက ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။ 

အစ္စရေး ဒု နိုင်ငံခြားရေး ဝန်ကြီးရဲ့ တရားဝင် မြန်မာနိုင်ငံခရီးစဉ်ဟာ သောကြာနေ့ထိ ဖြစ်ပြီး ခရီးစဉ် အတွင်းမှာ ယဉ်ကျေးမှုနဲ့ အားကစားကဏ္ဍတွေမှာ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ့် သဘောတူစာချုပ် တခုလည်း လက်မှတ်ရေးထိုးဖို့ ရှိတယ် လို့ သိရပါတယ်။ 

ဧရာဝတီblog

No comments:

Post a Comment

My Blog List