Tuesday, August 26, 2014

လျှပ်စစ်မီတာခတိုးမြှင့်ကောက်ခံမှုကို ကန့်ကွက်ဆန္ဒပြသူ ဦးဝင်းချိုနှင့် ကိုဝေဠုအား ကျောက်တံတားမြို့နယ်တရားရုံးက ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလစီချမှတ်


၂၀၁၄ ခုနှစ် ဇန်န၀ါရီအတွင်းက ဆူးလေဘုရားအနီးတွင် လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမှုကို ကန့်ကွက် ဆန္ဒပြခဲ့သည့်ပွဲမှ ဦးဆောင်သူနှစ်ဦးကို ကျောက်တံတားမြို့နယ်တရားရုံးမှ သြဂုတ် ၂၅ ရက်က ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလစီချမှတ်ခဲ့ကြောင်း သိရသည်။

ပုဒ်မ-၁၈ ဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသူများမှာ ကိုဝေဠုနှင့် ဦးဝင်းချို တို့ဖြစ်ကြပြီး ၎င်းတို့နှစ်ဦးကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီအတွင်း၌ လျှပ်စစ် မီတာခတိုးမြှင့်ကောက်ခံမှုကို ခွင့်ပြုချက်မဲ့ ကန့်ကွက်ဆန္ဒပြခဲ့သည့် အတွက် ပုဒ်မ-၁၈ ဖြင့် မေလကုန်ပိုင်းကတရားစွဲဆိုခဲ့ပြီး သြဂုတ်၂၅ ရက်တွင် ယင်းကဲ့သို့ ထောင်ဒဏ်ချ မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ပုဒ်မ -၁၈ ဖြင့် ထောင်ဒဏ်ချမှတ်ခံရသည့်အပေါ် ဦးဝင်းချိုက "ဒီပြစ်ဒဏ်အပေါ်ကို အယူခံဝင် မှာပါ" ဟုဆိုသည်။

ထို့ပြင် ကိုဝေဠုအား ၂၀၁၄ ခုနှစ်အတွင်း၌ပင် မိုးထိမိုးမိအလုပ်သမားများနှင့် ပတ်သက်ပြီး ပုဒ်မ-၁၈ ဖြင့်ပင် ထောင်ဒဏ်တစ်လ ထပ်မံချမှတ်ခဲ့ပြီး စုစုပေါင်းထောင်ဒဏ်လေးလ ချမှတ်ခံခဲ့ရကြောင်း သိရသည်။

"မိုးထိမိုးမိနဲ့ပတ်သက်ပြီး ကိုဝေဠုအပေါ်ကို ချမှတ်တဲ့ထောင်ဒဏ်တစ်လက ဥပဒေနဲ့ သွေဖည်နေပါတယ်။ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၂ မှာ လူတစ်ဦးတစ်ယောက်ထက်ပိုမှ ပြစ်ဒဏ်မြောက်တယ်။ အခုက ကိုဝေဠုတစ်ယောက်တည်းကိုပဲ တရားစွဲထောင်ချတယ်" ဟု ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင် ကဆိုသည်။

ဆက်လက်ပြီး ၎င်းက "မီတာခ တိုးမြှင့်ကောက်ခံတဲ့အပေါ် ဆန္ဒပြတဲ့အတွက် ထောင်ဒဏ်သုံးလစီ ချမှတ် ခံရတဲ့အပေါ်ကို အယူခံဝင်သွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဦးဝင်းချိုရဲ့သမီးက မင်္ဂလာဆောင်တော့ မှာဖြစ်ပါတယ်။ သမီးရဲ့မင်္ဂလာဆောင်ပွဲမှာ ဖခင်တစ်ယောက်အနေနဲ့ ရှိသင့်တယ်လို့ ထင်တဲ့အတွက် အယူခံဝင်သွားမှာပါ" ဟု ပြောကြားသည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List