Thursday, August 28, 2014

ဆီးရီးယားရှိ အယ်ကေးဒါးစစ်သွေးကြွများက အမေရိကန်ဂျာနယ်လစ်တစ်ဦးကို ပြန်လွှတ်ပေး


ဆီးရီးယားနိုင်ငံရှိ အယ်လ်ကေးဒါးစစ်သွေးကြွများက အမေရိကန်ဂျာနယ်လစ် ပီတာသီအိုကားတစ်ကို လွှတ်ပေးလိုက်သည်။သြဂုတ် ၂၇ ရက်တွင် မက်ဆာချူးဆက်ပြည်နယ် ကိန်းဘရစ်မြို့ ရှိ ၎င်း၏ မိခင်နေ အိမ်သို့ ပြန်လည်ရောက်ရှိလာသည့် အသက် ၄၅ နှစ်အရွယ် ကားတစ်က မိမိအနေဖြင့် ယခုကဲ့သို့ လွတ်မြောက်လာခြင်းအပေါ် အလွန်ပင်စိတ်လှုပ်ရှားဝမ်းမြောက်ပြီး ကူညီပေးသူအားလုံးကို ကျေးဇူးတင် ကြောင်း ပြောကြားခဲ့သည်။

ကားတစ်အား စစ်သွေးကြွများက ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့များထံ လွှဲပြောင်း ပေး လိုက်ပြီးနောက် အစ္စရေးနိုင်ငံ တဲလ်အ ဗစ်လေဆိပ်မှုတစ်ဆင့် အမေရိကန်နိုင်ငံ ဘော့စတွန်မြို့လေဆိပ် သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

“အမေရိကန်နိုင်ငံသားတွေ ကျွန်တော့်အပေါ် ဘယ်လောက်အထိ ကောင်းတယ်၊ သူတို့နှလုံးသား ထဲမှာ အကြင်နာတရားတွေ ဘယ်လောက်ရှိ တယ်ဆိုတာ သိရပါပြီ” ဟု ကားတစ်က ပြောကြားသည်။

ကားတစ်သည် သြဂုတ် ၂၄ ရက်က လွှတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး ၎င်းအား ဖမ်းဆီးခဲ့သောအဖွဲ့သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အမေရိကန် ဂျာနယ်လစ် ဂျိမ်းစ်ဖိုလေအား သတ်ခဲ့သည့် IS အဖွဲ့မ ဟုတ် ကြောင်း သိရသည်။

အမေရိကန်သမ္မတ ဘာရက်အိုဘားမားအနေဖြင့် မိမိတို့အားစစ်ရေးအရ တိုက်ခိုက်နေမှုများကို မရပ်တန့် ပါက နောက်ထပ်ဖမ်းဆီးထားရသည့် အမေရိကန်ဂျာနယ်လစ်  စတီဗင်ဆော့လော့ဖ်ကို သတ်ပစ်မည်ဟု IS အဖွဲ့က ခြိမ်းခြောက်ထားသည်။

အမေရိကန်မီဒီယာများ၏ ဖော်ပြချက်အရ IS အဖွဲ့သည် အသက် ၂၆ နှစ်အရွယ် အမေရိကန် အကူအညီ ပေးရေး အမျိုးသမီးဝန်ထမ်းတစ်ဦးကို ဖမ်းဆီးထား သေးကြောင်း သိရသည်။

ကားတစ်သည် ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်းက ဆီးရီးယားနိုင်ငံ အတွင်းသို့ ၀င်ခါနီး တွင် အယ်လ်ကေးဒါးအုပ်စုခွဲတစ်ခုဖြစ်သည့် အယ်လ်နူ ဆရာအဖွဲ့ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်း၏ မိသားစုက ပြောကြားခဲ့သည်။ ဖမ်းဆီးခံထားရစဉ်က ၎င်း၏ မိသားစုက သတင်းများတွင် ကားတစ်၏ အမည်ကို မဖော်ပြ ရန် မေတ္တာရပ်ခံခဲ့သည်။

Ref:AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List