Tuesday, August 26, 2014

NLD လူငယ်မျိုးဆက်အဟောင်းနှင့်အသစ်များ တော်ဝင်နှင်းဆီမှာတွေ့မည်



မြန်မာ့နိုင်ငံရေးတွင်အကြီးဆုံး အတိုက်အခံပါတီတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် တာဝန်ထမ်း ဆောင်ခဲ့ ကြသည့် လူငယ်မျိုးဆက်ဟောင်း များနှင့် လူငယ်မျိုးဆက်သစ်များ သြဂုတ် ၃၀ ရက်နေ့ မနက် ၁၀ နာရီတွင် တော်ဝင်နှင်းဆီခန်းမ၌ တွေ့ဆုံကြမည်ဖြစ်ပြီး ယင်းအခမ်း အနားတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက် ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
၁၉၈၈ ခုနှစ်၊ စက်တင်ဘာ လ ၂၇ ရက်တွင် ပါတီမှတ်ပုံတင် ၍ ဖွဲ့စည်းခဲ့ပြီးနောက် တစ်ပြည် လုံး လူငယ်တာဝန်ခံအဖြစ် ထို စဉ်က အထွေထွေအတွင်းရေးမှူး တာဝန်ယူထားသော ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင်တာဝန်ယူ ခဲ့ကြောင်း၊ ပထမဆုံးဗဟိုလူငယ် တာဝန်ခံမှာ စစ်ကိုနိုင်(ခေါ်)ကိုစိုး သိန်း၊ ဒုတိယတာဝန်ခံမှာ ကိုပန်း သီး(ခေါ်) ထွဋ်မြတ်ဦး တို့ဖြစ် ကြောင်း၊NLD လူငယ်အဖွဲ့မှာ ဗကသ၊ အကသ အပါအ၀င် အခြားအဖွဲ့အစည်းများနှင့်ချိတ် ဆက်ကာJoin Action နိုင်ငံရေး လှုပ်ရှားမှုများလုပ်ဆောင်ခဲ့ကြောင်း၊ ၈၈/၈၉ ခုနှစ် လူငယ်အဖွဲ့ဝင် ဟောင်းများ၏ ပြောကြားချက် အရ သိရသည်။ ယခင်အစိုးရ အဖွဲ့များ၏ ဖမ်းဆီးမှုကြောငNLD လူငယ်အများအပြား နိုင်ငံ ရေးပုဒ်မများဖြင့် ထောင်ကျခံခဲ့ရ ပြီး ယင်းလူငယ်များထောင်မှ ပြန် လွတ်လာချိန်တွင် အစိုးရ၏ဖိအား ပေးမှုကြောင့် ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခံခဲ့ ရကြောင်း၊ လူငယ် လှုပ်ရှားမှုများလည်း အရှိန်အဟုန် လျော့ကျသွားခဲ့ရကြောင်း၊ ထိုစဉ် က ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်း တောင် ဥက်္ကလာပမြို့နယ်လူငယ်တာဝန်ခံ ကိုအောင်မိုးက ပြောသည်။

“ကျွန်တော်တို့NLD လူငယ် တွေဟာ ၀န်ကြီးလုပ်ဖို့လည်း မဟုတ်ဘူး။ အမတ်လုပ်မှာလည်း မဟုတ်ဘူး။ အကျိုးရလဒ် လုံးဝ မမျှော်ကိုးဘဲ ကိုယ်ယုံကြည်တဲ့ ခေါင်းဆောင်အန်တီစုရဲ့လမ်းညွှန်မှု အတိုင်း ရဲရဲရင့်ရင့်လုပ်ခဲ့ကြတာ ပါ။NLD လူငယ်မှာတွေဝေတယ် ဆိုတာ လုံးဝမရှိဘူး။ အခုလို မျိုးဆက်နှစ်ဆက်ဆုံတွေ့ကြမယ် ဆိုတော့ အရမ်းကိုဝမ်းသာပါ တယ်။ ဒီအခွင့်အရေးဟာ ကျွန်တော်တို့ အနှစ်နှစ်အလလ မျှော်လင့်ခဲ့ရတာပါ”ဟု လူငယ် တာဝန်ခံဟောင်း ကိုအောင်မိုး က ဆိုသည်။

ယင်းတွေ့ဆုံပွဲကျင်းပရေးနှင့် ပတ်သက်ပြီး တာဝန်ခံတစ်ဦးဖြစ် သည့် ဦးမြင့်ဌေးသို့ ဆက်သွယ် မေးမြန်းရာ “ကျွန်တော် တို့ လူငယ် အဖွဲ့ဝင်ဟောင်းတွေကို ဖုန်းတွေ ရှိသလောက်ဆက်သွယ်ပြီး ဖိတ် ထားပါတယ်။ မီဒီယာကလည်း ဒီသတင်း ကို ဖြန့်ဝေပေးစေချင်ပါ တယ်။ လူငယ်ဟောင်းတွေကို ပြောချင်တာက မီဒီယာကပဲသိသိ၊ ဘယ်လိုနည်းနဲ့ပဲသိသိ ဖိတ်စာ ရှိရှိ၊ မရှိရှိ ဒီပွဲကိုလာဖြစ်အောင်လာ ကြပါလို့ ဖိတ်ကြားချင်ပါတယ်”ဟု ၎င်းကဖိတ်ကြားရေးနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့သည်။

hot news

No comments:

Post a Comment

My Blog List