Wednesday, August 27, 2014

နန်းတွင်းမိညိုကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ယက်အသုံးပြုမှုအပေါ် ရခိုင်ဝန်ကြီးချုပ်သတိပေး



လူမှုကွန်ယက်စာမျက်နှာ (facebook)တွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ မမှန်မကန်ရေးသားမှုများနှင့် ပတ်သက်၍ မီဒီယာများ အနေဖြင့်သတိထားရေးသားစေလိုကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချူပ် ဦးမောင်မောင်အုန်းက သြဂုတ် ၂၆ က ပြည်နယ် အစိုးရအဖွဲ့ရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြား လိုက်သည်။
ဖေ့စ်ဘုတ်တွင် နန်းတွင်းမိညိုဆိုသူက ရခိုင်ပြည်နယ်၏ ဘတ်ဂျက် ၁၃ ဘီလီယံကို ပြည်ထောင်စုအစိုးရအား ပြန်ပေး လိုက်သဖြင့် ပြည်နယ်ဝန်ကြီးချုပ်မှာစီမံခန့်ခွဲမှုညံ့ဖျင်းသည် စသည်ဖြင့် ရေးသားထားသည်ကို ပြည်နယ်ဝန်ကြီးချုပ် က ပြောကြားလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့က ပြည်သူကို ကြောက်နေတာလား။ အစိုးရအဖွဲ့မှာ တရားဥပဒေစိုးမိုးမှုမရှိတော့ဘူးလား။ အဲလို ရေးသား ချက်တွေကို ကျွန်တော်အရေးယူရင်ရပါတယ်။”ဟု ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောသည်။

လူမှုကွန်ယက်ဖေ့စ်ဘုတ်စာမျက်နှာ၌ ရေးသားချက်သည် မိမိထင်ရာကို မိမိဘာသာရေးသားခြင်းဖြစ်ကြောင်း မိမိပြုလုပ် ခဲ့သည်ကို တစ်ချိန်ကျလျှင်သိရှိလာမည်ဖြစ်ပြီး အဓိကအနေဖြင့် နှစ်ဖက်ယုံကြည်မှုရှိရန် လိုအပ် ကြောင်း သတင်းစာ ရှင်းလင်းပွဲ တက်ရောက်လာသူတစ်ဦးက ဆိုသည်။

“ဖေ့စ်ဘုတ်မှာ ရေးသားချက်တွေဟာ ကိုယ်ထင်ရာကိုယ်ရေးနေကြတာ။ ကိုယ်လုပ်ခဲ့တဲ့အလုပ်တွေဟာ တစ်ချိန်ကျရင် သိလာမှာပါ။ အဓိကနှစ်ဖက်ယုံကြည်မှုပါ။”ဟု ၎င်းကပြောသည်။

ဝန်ကြီးချုပ်အနေဖြင့် လူမှုကွန်ယက်စာမျက်နှာတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ မမှန်ကန်သည့် သတင်းများကိုသတိထား ရေးသားရန် ပြောကြားလိုက်သော်လည်းပြည်နယ်အစိုးရအပေါ် ဝေဖန်အကြံပြုချက်များကို ကြိုဆိုကြောင်းကို လည်း ဆက်လက်ပြောကြားသည်။

“မြို့မိ မြို့ဖများဖြစ်တဲ့ ဦးသန်းထွန်းတို့လည်း အင်တာနက်စာမျက်နှာမှာ ဝေဖန်အကြံပြုချက်တွေ ရေးနေတာကို ဖတ်ရပါတယ်။ ရခိုင်ပြည်နယ်ရှိ ကွန်ယက်များအနေနဲ့လည်း မိဘပြည်သူများရဲ့ လိုလားချက်တွေအပေါ် ထောက်ပြ အကြံပေးနိုင်ပြီး အားလုံးဝိုင်းဝန်းလုပ်ကြစေလိုပါတယ်။” ဟု ဦးမောင်မောင်အုန်းက ဆိုသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ စစ်တွေအခြေစိုက် သတင်းထောက်များ၊ ရခိုင်လူမှုကွန်ယက်များ၊ မြို့မိ မြို့ဖများ၊ ကျောင်းသားလူငယ်များအပါအဝင် စုစုပေါင်းလူဦးရေသုံးဆယ်ကျော် တက်ရောက်ခဲ့သည်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List