Wednesday, August 27, 2014

တပ်မတော်သည် ဖွဲ့စည်းပုံဥပဒေအရ တာဝန်ထမ်းဆောင်နေခြင်း ဖြစ်ဟု ကာချုပ် ပြော



တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ထမ်း ဆောင်နေခြင်း ဖြစ်ကြောင်း ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ်လ ၂၅ ရက်ညနေပိုင်းတွင် နေ ပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့် ခန်းမဆောင်၌ UWSA ”ဝ” အဖွဲ့မှ ပြင်ပ ဆက်ဆံရေးဌာနကြီးမှူး ဦး ကျောက်ကော်အမ်း ဦးဆောင်သော အဖွဲ့နှင့် NDAA (မိုင်းလား) အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးစံပေ့ ဦးဆောင်သော အဖွဲ့တို့အား လက်ခံတွေ့ဆုံပွဲတွင် အထက်ပါအတိုင်း ပြောခြင်းဖြစ်သည်။
UWSA ”ဝ” အဖွဲ့မှ ငြိမ်းချမ်း ရေး မူ ၆ ချက်နှင့် ပတ်သက်၍ မေး မြန်း ဆွေးနွေး ပြောကြားရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပထမအချက်ဖြစ်သည့် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုရှိရန်၊ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုချင်စိတ် ရှိရန် အရေးကြီးပါကြောင်း၊ တစ်ဦးနှင့်တစ် ဦး ယုံကြည်မှု မရှိပါက တွေ့ဆုံ ဆွေး နွေးမှုများ အောင်မြင်မှု အကျိုးရှိ နိုင်မည် မဟုတ်ကြောင်း၊ တစ်စုံတစ်ခု သော အကျိုးကို ရည်ရွယ်၍ အပေါ်ယံငြိမ်းချမ်းရေး လုပ်ဆောင်မှုဆိုပါက ခိုင်မာမှု မရှိနိုင်ကြောင်း၊ ဒုတိယအချက်ဖြစ်သည့် ကတိကဝတ်များနှင့် ပတ်သက်၍ ကတိတည်ရန်လိုကြောင်း၊ နှစ်ဖက် ညှိနှိုင်းထားသည့် တိုက်တွန်းချက်၊ တားမြစ်ချက်များနှင့် ပတ်သက် ၍လည်း လိုက်နာရန် လိုအပ်ပါ ကြောင်း၊ တတိယ အချက် ဖြစ်သည့် ငြိမ်းချမ်းရေးရယူမှုအပေါ် အမြတ်မထုတ်ရန်မှာလည်း အဖွဲ့အချို့၏ အင်အားစုခြင်း၊ ဆက်ကြေး ကောက် ခြင်း၊ လက်နက်တပ်ဆင်ခြင်း၊ တပ် နေရာတိုးချဲ့ခြင်း စသည်များကို မကြာ ခဏ တွေ့ဆုံနေရ၍ ထည့်သွင်းထား ခြင်း ဖြစ်ကြောင်း၊ စတုတ္ထ အချက်မှာ ပြည်သူလူထုအပေါ် ဝန်ထုပ် ဝန်ပိုးမဖြစ်စေရန်၊ ဖိအားမပေးရန် ဖြစ် ကြောင်း၊

ပြည်သူလူထုသည် မည်သည့် လက်နက်မျှ ကိုင်ဆောင်ထားခြင်း မရှိ ၍ လက်နက်ဖြင့် ဖိအားပေးခြင်းသည် ပြည်သူလူထု အတွက် နစ်နာဆုံးရှုံးမှု များစွာ ဖြစ်စေခြင်းကြောင့် ဝန်ထုပ်ဝန် ပိုး မဖြစ်စေရန်တားမြစ်ခြင်းသာ ဖြစ် ကြောင်း၊ ပဉ္စမအချက် ဖြစ်သည့် ထုတ် ပြန်ထားသည့်ဥပဒေများအား လိုက်နာ ခြင်း မပြုပါက အရေးယူရမည်သာ ဖြစ်ကြောင်း၊ ဥပမာအားဖြင့် လူသတ် မှု၊ အဓမ္မမှု၊ မူးယစ်ဆေးဝါးမှုများ ဖြစ်ပါက ဥပဒေအရ အရေးယူခံရမည် ဖြစ် ကြောင်း၊ အလားတူ နိုင်ငံတကာမှကျင့်သုံးနေသော ကုလသမဂ္ဂမှ ပြဋ္ဌာန်းထားသည့် သတ်မှတ်ချက်များ ကိုလည်း လိုက်နာ စောင့်ထိန်းရမည် ဖြစ်ကြောင်း၊ ဥပမာ လူကုန်ကူးမှု၊ အဓမ္မစေခိုင်းမှု စသည့် ကိစ္စရပ်များကို မည်သူမျှ ချိုးဖောက်၍ မရကြောင်း၊ တည်ဆဲဥပဒေများကို အားလုံးလိုက်နာ ရန်လိုအပ်ပါကြောင်း၊ ဆဋ္ဌမအချက် ဖြစ်သည့် ဒီမိုကရေစီ ကျင့်စဉ်များကို လိုက်နာကျင့်သုံးရန် လိုအပ်သကဲ့သို့ လက်ရှိ ကျင့်သုံးနေသည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း လိုက်နာရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရသည် လွှတ်တော်မှ တစ်ဆင့် ပေါ်ပေါက်လာရသကဲ့သို့ လွှတ်တော် ပေါ်ပေါက်လာခြင်းသည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်စား လှယ်များ ရွေးကောက် တင်မြှောက်ခဲ့ ၍ဖြစ်ကြောင်း၊ တပ်မတော်သည် လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန် ထမ်းဆောင်နေခြင်း ဖြစ် ကြောင်း၊ သို့ဖြစ်၍ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဒီမိုကရေစီ အနှစ်သာရကို လိုက်ပါရန်လိုကြောင်း၊ ငြိမ်းချမ်းရေးမူ ၆ ချက်သည် အကျိုး သင့်အကြောင်းသင့် လိုက်နာသင့်သော အချက်များဖြစ်၍ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးနိုင်ပါကြောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားသည်။


NDAA (မိုင်းလား) အဖွဲ့က လည်း အပစ်အခတ်ရပ်စဲခဲ့မှု၊ ပြည် ထောင်စုအဆင့် ငြိမ်းချမ်းရေးဆောင် ရွက်မှု၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုဆိုင်ရာများ တင်ပြဆွေး နွေးရာ တပ်မတော် ကာကွယ်ရေး ဦး စီးချုပ်က အဓိကမှာ နိုင်ငံတော် အကျိုး၊ နိုင်ငံတော်တိုးတက်ရေးကို ရှေးရှု ဆောင်ရွက်ရန်နှင့် နိုင်ငံတော် အကျိုးစီးပွား ထိခိုက်စေမည့်၊ နိုင်ငံ တော် မျက်နှာပျက်စေမည့်၊ ဒို့တာဝန် အရေးသုံးပါး ထိခိုက်စေမည့် ကိစ္စ ရပ်များကို ရှောင်ရှားရမည် ဖြစ် ကြောင်း၊ အဖွဲ့အစည်း အားလုံးအပါ အဝင်မိမိတပ်မတော်သားများလည်း လိုက်နာရမည် ဖြစ်ကြောင်းဖြင့် ပြန်လည် ဆွေးနွေး ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယတပ် မတော် ကာကွယ်ရေးဦးစီးချုပ် ကာ ကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး မှတပ်မတော် အရာရှိကြီးများ တက် ရောက်ကြပြီး UWSA ”ဝ” အဖွဲ့မှ ပြင်ပ ဆက်ဆံရေးဌာနကြီးမှူး ဦး ကျောက်ကော်အမ်းနှင့် တာဝန် ရှိသူ များ၊ NDAA (မိုင်းလား)အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးစံပေ့နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List